၅ ဇူလိုင်
စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကတ်တာလိုနီးယားဒေသမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များလာတဲ့အတွက် ဇူလိုင် ၄ ရက်နေ့က စပြီး ဒေသတွင်း အသွားအလာ ပြန်လည်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
ကတ်တာလိုနီးယားဒေသရဲ့ သမ္မတ ကွမ် တိုရာက ဆာရီရာမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံး ဖြစ်နေကြောင်း၊ လူတွေကို ဒေသအပြင်ကို ထွက်ခွင့်မရှိသူ ဒေသတွင်းကိုလည်း အပြင်လူတွေ ဝင်ခွင့်မရှိကြောင်း၊ ဒေသတွင်းမှာ လူ၁၀ ဦးထပ်ပိုပြီး စုဝေးခွင့်ကိုလည်း ပိတ်ပင်ထားကြောင်းနဲ့ လူအိုရုံတွေကိုလည်း သွားရောက်လည်ပတ်ခွင့် မရှိကြောင်း ပြောပါတယ်။
အခုလို အသွားအလာကန့်သတ်မှု ပြန်လည်စတင်ချိန်ဟာ စပိန်နိုင်ငံကို ဥရောပနိုင်ငံမဟုတ်တဲ့နိုင်ငံ ၂၀ မှ ခရီးသွားတွေအား လာရောက်လည်ပတ်ခွင့် ပြုတဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။
လူဦးရေ ၇ ဒသမ ၅ သန်းနေထိုင်တဲ့ ကတ်တာလိုနီးယားဒေသမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၇၂,၈၆၀ ရှိပြီး သေဆုံးသူက ၁၂,၅၈၆ ဦးရှိကြောင်း သိရပါတယ်။ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄၀၀ ရှိပြီး ၂ ဦး သေဆုံးကြောင်း သိရပါတယ်။
စပိန်တစ်နိုင်ငံလုံးအနေနဲ့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၉၇,၆၂၅ ဦးနဲ့ သေဆုံးသူ ၂၈,၃၈၅ ဦးရှိကြောင်း ဇူလိုင် ၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MDN
ကိုးကား - AFP