ထားဝယ် ၂၈ ဇူလိုင်
ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်း ရှင်းရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြိူ့၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူးဦးသံချောင်း က အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းသား(၂၅)ဦးအား ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး၊ VMS ဆိုင်ရာ ညွှန်ကြားချက်များ၊ တားမြစ်ငါး ဖမ်းကိရိယာများ၊ ဖမ်းဆီးခွင့် မပြုသော ငါးအမျိုးအစားများ၊ ငါးမဖမ်းရ ရာသီနှင့် နေရာများစသည်တို့ကို ဇူလိုင်(၂၉) ရက်နေ့အထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)