မန်းရွှေစက်တော် ဘုရားပွဲတော်ကာလ နဂါးပွက်တောင်တော်တွင် ဘုရားဖူးလာရောက်သူများဖြင့်စည်ကား
မင်းဘူး ၁၀ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး မန်းရွှေစက်တော် ဘုရားပွဲတော်ကို တန်ပို့တွဲလဆန်း ၅ ရက်မှ နှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ပွဲတော်ကာလတွင် မင်းဘူးနဂါးပွက်တောင်တော်၌ ဘုရားဖူး လာရောက်သူများဖြင့် စည်ကား လျက်ရှိကြောင်း သိရှိရသည်။