အမာမြို့တွင် အမေများနေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲကျင်းပ

အမေများနေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ တိလောကအောင်တော်မူ သာသနဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။
ရေနံချောင်းမြို့၌  ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင် သက်တမ်းတိုးခြင်းများ ကွင်းဆင်းဆောင်ရွက်
ယာဉ်မောင်းလိုင်စင်၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုးခြင်းများကို ဇန်နဝါရီ ၁၉ ရက်က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ ရွှေဘုံသာ ပြည်သူ့အားကစားခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဟာပရဟိတဂေဟာ စမတောင်တော်ရှိ အလက(ခွဲ) စမတောင်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိ မဟာပရဟိတဂေဟာ စမတောင်တော်ရှိ အလက(ခွဲ) စမတောင်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းကကျင်းပရာ မဟာပရဟိတဂေဟာ စမတောင်မှ ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာဇောတိကဓဇ ဦးဉာဏိန္တ၊ ဦးရေဝတနှင့် ဦးဝံသသီရိ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များဖြစ်ကြသော ဦးမင်းသူနှင့် ဦးဆန်းနိုင်၊ နေပြည်တော် တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ လယ်ဝေးမြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရေဦးမြို့နယ် ဖိန်းကားကျေးရွာတွင် စနစ်တကျ အမှိုက်စွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြောပြီး ဖိုက်ဘာအမှိုက်ပုံးများနှင့် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ် 
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ဖိန်းကားကျေးရွာ ဖိန်းကားကျောင်းတိုက် ဓမ္မာရုံ၌ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီတွင် ရွှေဘိုခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စနစ်တကျ အမှိုက်စွန့်ပစ်တတ်စေရေး   အသိပညာပေး ဟောပြောပွဲနှင့် ဖိုက်ဘာအမှိုက်ပုံးများ ပေးဝေခြင်း၊ ကျေးရွာအမျိုးသမီးရေးရာ အဖွဲ့သို့ တူညီဝတ်စုံများ ထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်အစိုးရ၏ ပံ့ပိုးမှုနှင့် ကျေးရွာပြည်သူ စုပေါင်းအားဖြင့် လိပ်သိုမြို့ ဇလဲကမ္ဗလာခြံကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်မီးစတင်ရရှိ
ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုမြို့ ဇလဲကျေးရွာအုပ်စု ဇလဲကမ္ဗလာခြံကျေးရွာ၌    ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရ၏ ပံ့ပိုးမှုနှင့် ကျေးရွာပြည်သူ စုပေါင်းအားဖြင့် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဖွင့်ပွဲကို ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးခင်မောင်အေး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းညွန့်နှင့် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ကျေးလက်နေပြည်သူများအား နှစ်ရှည်သီးပင်၊ ဒိုချက်ကင် သဘာဝမြေသြဇာနှင့် မူးယစ်ဆေးဝါးဆိုင်ရာအကြောင်း အသိပညာပေး
မ်ပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ပြည်ပထွက်ကုန် ဈေးကွက်ဝင်သီးနှံ့ စိုက်ပျိုးရေး GAP (သိပ္ပံနည်းကျ စိုက်ပျိုးရေး) စနစ်များ၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်များ ဖြစ်ပေါ်စေရေး၊ နှစ်ရှည်သီးပင်များ တိုးချဲ့စိုက်ပျိုးလာစေရေး၊ ပိုးသတ်ဆေး၊ မြေသြဇာစနစ်တကျ သုံးစွဲတတ်လာစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်နိုင်စေရန် ရည်ရွယ်လျက် နယ်လှည့် အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ  ၁၉ ရက် နံနက် ၁၀ နာရီက ဝမ်ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဝမ်ဒွန်းနွဲ့ကျေးရွာနှင့် မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာတို့ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။