ဖောင်းပြင်မြို့နယ်၌ မူးယစ်ဆေးဝါး ဖမ်းဆီးစဉ် ပြန်လည်ခုခံရန်ပြုသဖြင့် သတိပေးပစ်ခတ်ရာမှ တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်၌ သြဂုတ် ၉ ရက်က မူးယစ်ဆေးဝါးသုံးစွဲ / ရောင်းဝယ်နေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံရန်ပြုသဖြင့် သတိပေးပစ်ခတ်ရာမှ တစ်ဦးသေဆုံးကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ ထိုင်ဝမ်နှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးထံမှ အိုက်စ် ၇၄ ကီလို ဖမ်းဆီးရမိ
ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်၌ ထိုင်ဝမ်နှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးတို့ထံမှ အိုက်စ် ၇၄ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ကော့သောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၇ ရက် ည ၉နာရီခွဲက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေမင်းဝံ (၁) လမ်းနေ မျိုးမင်းခိုင်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၇၉၃ ပြား၊ မြန်မာငွေကျပ် ၃၄၀ဝ၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ အလားတူ သြဂုတ် ၈ ရက် နံနက် ၇ နာရီက ဘုတ်ပြင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာနေ တင်မောင်လတ်၏ နေအိမ်ကို ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂၀ဝ  ကိုလည်းကောင်း၊ 
ဒေါပုံမြို့နယ်ရှိ ဒေါပုံတံတားပေါ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက် ဒေါပုံတံတား (ဂျပန်တံတား)အဆင်း လမ်းလယ်တွင် ယနေ့ ညနေ  ၄ နာရီခန့်က -------
ရေကြည်မြို့နယ် ပုသိမ်-မုံရွာ ကားလမ်းမပေါ်တွင် (၆) ဘီးယာဉ် (၂) စီးတိုက်မှုဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ခိုတောင်ကျေးရွာအုပ်စု ငှက်သိုက်ကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲနွယ်ကုန်းမြို့၌ ၁၂ ဘီးယာဉ်မှ ဆိုင်ကယ်အားတိုက်ပြီး မောင်းပြေးစဉ် ယာဉ်ငယ်တစ်စီးအား ထပ်မံဝင်ရောက်တိုက်မိ ဆိုင်ကယ်မောင်းသူ သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း နယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၅/၄ နှင့် ၅ အကြား ပဲနွယ်ကုန်းမြို့ ကမ္ဘောဇရပ်ကွက်၌ သြဂုတ် ၈ ရက် ညနေ ၄ နာရီက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။
မူဆယ်တွင် ၂၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်ရာ ဆိုင်ကယ်သမား ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က (၂၂)ဘီးယာဉ်နှင့် ဆိုင်ကယ် တိုက်မိခဲ့ရာမှ ဆိုင်ကယ်သမား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။