၀န်ကြီးချုပ် မိုဒီ၏ မိတ်ဆွေကို အိန္ဒိယ ဗဟိုဘဏ် ဥက္ကဋ္ဌ သစ် ခန့်အပ်

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ ၏ မဟာမိတ်ကို ယမန်နေ့က ဗဟိုဘဏ် ဥက္ကဋ္ဌသစ် ခန့်အပ်ခဲ့ကြောင်း နှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ ဟောင်းဖြစ်သူသည် ဗဟိုဘဏ်၏လွတ်လပ်မှုနှင့် ပတ်သက်၍ အိန္ဒိယ အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပြီးနောက် ရာထူးမှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။ 

ရှပ်ခ်တီကန်တာ ဒက်စ်  သည် ဗဟိုဘဏ် ဥက္ကဋ္ဌ အာဂျစ်ပါတယ်၏ နေရာကို ဆက်ခံသူ ဖြစ်ကြောင်းနှင့် ၎င်းသည် စီးပွားရေးရာ အတွင်းရေးမှူး အဖြစ် ၂၀၁၅ ခုနှစ်မှ ပြီးခဲ့သည့် နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ထို့နောက် အစိုးရမူဝါဒရေးရာများကို အဆိုတင်သွင်းသော ဘဏ္ဍာရေးကော်မရှင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရသည်။

မိုဒီအစိုးရက လယ်သမားများနှင့် ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ကို အတိုးနည်းနည်းဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေး ဗဟိုဘဏ် စည်းမျဉ်းများ ဖြေလျှော့ပေးရန် တိုက်တွန်းထားကြောင်း သတင်းဖော်ပြထားသည်။

ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်းက  ယင်းသို့ငွေကြေးဆိုင်ရာ ပြောကြားမှုကို စွက်ဖက်မှုအဖြစ် ဝေဖန်ပြောဆိုခဲ့ကြောင်းနှင့် အထွေထွေ ရွေးကောက်ပွဲကို လာမည့် မေလတွင် ကျင်းပရန် မျှော်မှန်းထားကြောင်းနှင့် မိုဒီ သည် လယ်သမား၏ ထောက်ခံမှုရရန် မျှော်လင့်ထားကြောင်း သိရသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို