၀န်ကြီးဌာနပေါင်းစုံ အလွတ်တန်း ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ကျင်းပမည်

နေပြည်တော် ၂  စက်တင်ဘာ 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၁၉ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲများကို စက်တင်ဘာ ၄ ရက်နေ့ နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ(၁၃)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသွားမည်ဖြစ်ရာ ဘော်လီဘော ဝါသနာရှင်များ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ 


မောင်လူမော်