(၁၀)မြောက် မဲခေါင်-ဂျပန်ထိပ်သီးဆွေးနွေးပွဲ

၉ အောက်တိုဘာ

ဂျပန်နိုင်ငံနဲ့ မဲခေါင်မြစ်ကြောင်းတစ်လျှောက်ရှိ အရှေ့တောင်အာရှ ၅ နိုင်ငံရဲ့ခေါင်းဆောင်တွေကို ထိပ်သီးဆွေးနွေးပွဲကနေ  အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာဒေသတွင်း လွတ်လပ်မှုနဲ့ ပွင့်လင်းမြင်သာမှုကို မြှင့် တင်ရန် နိုင်ငံ့ခေါင်းများက သဘောတူညီခဲ့ကြပါတယ်။ 

ဒီကနေ့ (အင်္ဂါနေ့)မှာ ကျင်းပတဲ့ (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီးဆွေးနွေးပွဲမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးက မြန်မာ၊ဗီယက်နမ်၊ထိုင်း၊ကမ္ဘောဒီယား နဲ့ လာအို နိုင်ငံတို့မှ ခေါင်းများနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် အာဘေးက မဲခေါင်ဒေသဟာ လူ့အရင်းမြစ်ကြွယ်ဝတဲ့ ဒေသဖြစ်သလို ပစိဖိတ်နဲ့ အိန္ဒိယ သမုဒ္ဒရာကြား ဆက်သွယ်ထားတဲ့ ကုန်မြေတစ်ခုဖြစ်ကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးရေး အတွက် ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်ခွင့်မြှင့်တင်ရေးအတွက် ဂျပန်နိုင်ငံက ပူပေါင်းဆောင်ရွက်ရန် ရည်ရွယ် ထားကြောင်း ဂျပန်ဝန်ကြီးချုပ်ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ 

ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ခေါင်းဆောင်များရဲ့ ပူးပေါင်းဆောင်ရွက်ရေးလမ်းညွှန်ပါတဲ့ “၂၀၁၈ တိုကျိုနည်းဗျူဟာ”ကို ကြေငြာခဲ့ပါတယ်။ အဲဒီထဲမှာ အခြေခံအဆောက်အုံ ဆောက်လုပ်ရေး၊ သတင်းနဲ့ ဆက်သွယ်ရေးနည်းပညာများ အပါအဝင် လမ်းတွေ၊ ရထားလမ်းတွေ တည်ဆောက်ရေး စီမံကိန်းတွေ ပါဝင်ကြောင်း သိရပါတယ်။ ဒါ့အပြင် မဲခေါင်ဒေသတွင်းမှာ စိုက်ပျိုးရေးနဲ့ ရိက္ခာထုတ်လုပ်ရေးပိုင်းဆိုင်ရာမှာလည်း ဂျပန်နိုင်ငံက ကူညီထောက်ပံ့သွားမှာဖြစ်ပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ မြောက်ကိုရီယားနိုင်ငံကို အနုမြူကင်းစင်ရေး နိုင်ငံဖြစ်ပေါ် လာရေးကိုလည်း ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက သဘောတူညီခဲ့ကြပါတယ်။ ပင်လယ်ပြင်နဲ့ ဝေဟင်ယံမှာ လွတ်လပ်စွာသွားလာရေးအတွက် လုံခြုံမှုရှိရေးကလည်း အရေးကြီးကြောင်းနဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလုှပ်ရှားမှုကို ဆန့်ကျင်ကြောင်း တက်ရောက် လာတဲ့ ခေါင်းဆောင်တွေက အတည်ပြုကြကြောင်း သိရပါတယ်။ 

MDN
ကိုးကား-NHK