(၁၈)ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲပြိုင်ပွဲ ကျင်းပမည်

မန္တလေး ၆ ဇန်နဝါရီ

 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (၁၈)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီး လူထုအပန်းဖြေဥယျာဉ်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီ  ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

ပြိုင်ပွဲတွင် ပန်းအလှပြုပြင်ခြင်းပြိုင်ပွဲ၊ ပန်းအလှပင်ပြိုင်ပွဲ၊ အရွက်အလှပင်ပြိုင်ပွဲ၊ ရွက်လှပင်ပြိုင်ပွဲ၊ ပြည် တွင်းသစ်ခွပြိုင်ပွဲ၊ ပြည်ပသစ်ခွပြိုင်ပွဲ(ကတ်တလီးယားပြိုင်ပွဲ)၊ ပြည်ပသစ်ခွ(စင်ဘီးဒီးယမ်းပြိုင်ပွဲ)၊ ပြည်ပ သစ်ခွ(ဗန်ဒါပြိုင်ပွဲ) နှင်းဆီပင်အမျိုးမျိုးပြိုင်ပွဲ၊ ရှားဇောင်းပင်ပြိုင်ပွဲ၊ သက်ကြီးပုပင် (ဘွန်ဆိုင်း)ပြိုင်ပွဲ၊ အသီး ပါသည့်အလှပင်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက်အရွက်ပြိုင်ပွဲ(ဥပမာ-မုန့်ညင်းရွက်)၊ ဟင်းသီးဟင်းရွက်အထုပ်  ပြိုင်ပွဲ (ဥပမာ-ဂေါဖီထုပ်၊ပန်းမုန်လာထုပ်)၊ ဟင်းသီးဟင်းရွက် အသီးပါ အပင်ပြိုင်ပွဲ (ဥပမာ-ခရမ်း၊ငရုတ်)၊ ဟင်းသီးဟင်းရွက်ဥပြိုင်ပွဲ(ဥပမာ-မုန်လာဥ)၊ သစ်သီးပြိုင်ပွဲ(ဥပမာ-သင်္ဘောသီး၊ဖရဲသီး)၊ ဟင်းသီးဟင်း ရွက်အလုံးလိုက်ပြိုင်ပွဲ(ဥပမာ-ဘူးသီး)၊ သစ်သီးဝလံ အခိုင်လိုက်ပြိုင်ပွဲ (ဥပမာ-ငှက်ပျောခိုင်၊အုန်းသီးခိုင်) သစ်သီးဝလံဥပြိုင်ပွဲ(ဥပမာ-စိမ်းစားဥ၊ ကန်စွန်းဥ၊ ဝဥ၊ မျောက်ဥ)၊ ဟင်းသီးအသီးအနှံအတွဲလိုက်ပြိုင်ပွဲ (ဥပမာ-ခရမ်းချဉ်သီး)၊ သစ်သီးပုံဖော် အလှဆင်ခြင်းပြိုင်ပွဲ၊ ရာသီပန်းအလှပင်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်နိုင်သည်။

 

ပြိုင်ပွဲအမျိုးအစားအားလုံးအတွက် ပထမဆုကျပ်နှစ်သိန်း၊ ဒုတိယဆုကျပ်တစ်သိန်းခွဲ၊ တတိယဆု ကျပ်တစ်သိန်း၊ နှစ်သိမ့်ဆု(၃)ဆုအတွက် ကျပ်သုံးသောင်းစီ ချီးမြှင့်မည်။ ပါဝင်ယှဉ်ပြိုင်လိုသူများသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များအား ကန်တော်ကြီး လူထုအပန်းဖြေ ဥယျာဉ်ကွပ်ကဲရေးရုံး သို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ၁၅ရက် နံနက်၉နာရီတွင် နောက်ဆုံးထား၍ ပြိုင်ပွဲကျင်းပရေး ကော်မတီထံ ပေးပို့ရမည်ဖြစ်သည်။ အသေး စိတ်အချက်အလက်များကို ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန ဖုန်းဝ၉-၄၀ဝ၅၉၉၅၈၇ နှင့် ဝ၉-၇၉၇၆၂၂၉၉၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။    

 

မောင်ပြည်သူ(မန္တလေး)