၂၀၀ မဂ္ဂါပစ်ဇယ်ပါဝင်သည့် ကမ္ဘာ့ဒုတိယမြောက်ဖုန်း Xiaomi 12T Pro

 

ပြီးခဲ့သည့်  ဩဂုတ်လအတွင်းက ကမ္ဘာ့ပထမဆုံး ၂၀၀ မဂ္ဂါပစ်ဇယ်ကင်မရာပါဝင်သည့် ဖုန်းအဖြစ် Motorola X30 Pro ထွက်ရှိလာခဲ့ပြီး ယခုအောက်တိုဘာလထဲတွင်  ၂၀၀  မဂ္ဂါပစ်ဇယ် ကင်မရာပါဝင်သည့် ကမ္ဘာ့ဒုတိယမြောက်ဖုန်းကို Xiaomi က မိတ်ဆက်ခဲ့သည်။ အောက်တိုဘာ ၆ ရက်က စတင်မိတ်ဆက်ပြသပြီး လလယ်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်၌ စတင်ရောင်းချနေပြီဖြစ်သည့် Xiaomi 12T နှင့် 12T Pro  ဖုန်းမော်ဒယ်နှစ်မျိုး အနက် 12T Pro တစ်မျိုးတည်းတွင်သာ ၂၀၀ မဂ္ဂါပစ်ဇယ်ကင်မရာ ပါဝင်လာခြင်းဖြစ်သည်။ 

 

မဂ္ဂါပစ်ဇယ်မြင့်မားသော ကင်မရာနှင့်အတူ အခြားမြင့်မားသောစွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်အသစ်များပါရှိသည့် Xiaomi 12T နှင့် 12T Pro တန်ဖိုးမြင့် ဖုန်းမော်ဒယ်အသစ်နှစ်မျိုး၏ အဓိကကျသောအချက်များကို ဖော်ပြလိုက်ပါသည်။

 

mdn

 

Xiaomi 12T နှင့် 12T Pro ဖုန်းမော်ဒယ်နှစ်မျိုးသည် အရွယ်အစားအပါအဝင် လုပ်ဆောင်ချက်ပိုင်းတွင် အများအပြား တူညီပြီး 12T Pro တွင် အဓိက ထူးခြားချက်များအဖြစ် ၂၀၀ မဂ္ဂါပစ်ဇယ်ကင်မရာ ပါဝင်ခြင်းနှင့်အတူ SoC ပိုင်းတွင် Qualcomm SM8475 Snapdragon 8+ Gen 1 CPU ကို သုံးထားခြင်း၊ ဆင်းကတ်ပိုင်းတွင် eSIM စနစ်ကို ပထမဆုံးထောက်ပံ့သည့် Xiaomi ဖုန်းဖြစ်ခြင်း စသည့်ထူးခြားချက်များကို တွေ့ရသည်။ လက်ရှိတွင် ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာခြင်းမရှိသေးဘဲ ကမ္ဘာ့ဈေးကွက်မှ ဈေးနှုန်းမှာ Xiaomi 12T က ၅၂၉ ဒသမ ၉၉ ယူရိုဖြစ်ပြီး 12T Pro က ၆၁၉ ဒသမ ၉၉ ယူရိုဖြစ်သည်။

 

ကျော်ဇင်ဦး