၂၀၁၄ ခုနှစ်က WHAT HAPPENED IN BALI ဒရမ်မာဇာတ်ကားကို လာမယ့်နှစ်အတွင်း အသွင်သစ်ဖြင့် ပြန်လည်ဖန်တီးရန် စီစဉ်လျက်ရှိ

၂၉ ဒီဇင်ဘာ

၂၀၁၄ ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ ကိုရီးယား ဒရမ်မာဇာတ်ကားတစ်ကားဖြစ်တဲ့ What Happened In Bali ဇာတ်ကားကို ၂၀၁၈ ခုနှစ် အတွင်းမှာ အသွင်သစ်တစ်မျိုးနဲ့ ပြန်လည် ထုတ်လုပ်သွားမည်ဖြစ်တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

 

မူရင်းဇာတ်ကားမှာ သရုပ်ဆောင် ဂျိုအင်ဆောက်နှင့် မင်းသမီး ဟာဂျီဝန်တို့ ခေါင်းဆောင်ပါဝင်ထားပြီး ယခု ဇာတ်ကားသစ်မှာတော့ ဘယ်သူတွေ သရုပ်ဆောင်မယ်ဆိုတာ မသိရသေးဘဲ ဒါရိုက်တာကတော့  မူရင်းဇာတ်ကားမှ ဒါရိုက်တာပဲ ပြန်လည်ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

 

What Happened In Bali ဇာတ်ကား ထုတ်လုပ်မယ့် A Story ကုမ္ပဏီအနေနဲ့ ဇာတ်ညွှန်းပြန်ရေးတာတွေ လုပ်ဆောင်နေပြီး ဇာတ်ကားအပေါ် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်ရသေးဘူးလို့လည်း သိရပါတယ်။ A Story ကုမ္ပဏီရဲ့ နောက်ထပ် သတင်းရင်းမြစ်တစ်ခုကတော့ What Happened In Bali ဇာတ်ကားရဲ့ ပြန်လည် ရိုက်ကူးထုတ်လုပ်မှုတွေ လုပ်ဖို့ လုပ်ဆောင်နေပါတယ် လို့ ပြောပြခဲ့ပါတယ်။

 

What Happened In Bali ဇာတ်ကား ရိုက်ကူးထုတ်လုပ်မှုတွေကို ၂၀၁၈ အတွင်းမှာ ဆောင်ရွက်သွားဖို့ စီစဉ်ထားတာဖြစ်ပြီး အခြားအသေးစိတ်ကိုတော့ ခုချိန်ထိ ရေရေရာရာ မသိရသေးဘူးလို့လည်း သိရပါတယ်။

 

၂၀၁၄ ခုနှစ်က ကိုရီးယားရုပ်သံလိုင်း အက်စ်ဘီအက်စ်မှာ ပြသခဲ့တဲ့ What Happened In Bali ဇာတ်ကားဟာ ဘာလီကျွန်းမှာ အခြေခံရိုက်ကူးထားပြီး ဘာလီက မိဘမဲ့ ဧည့်လမ်းညွှန်မလေးနဲ့ ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့ အငယ်ဆုံးသားလေးတို့ကြားက ချစ်ခြင်းမေတ္တာ၊ သစ္စာအကြောင်းကို ဖော်ကျူးထားတဲ့ ဒရမ်မာဇာတ်ကား တစ်ကား ဖြစ်ပါတယ်။

 

ဒီဇာတ်ကားဟာ အက်စ်ဘီအက်စ်ဒရမ်မာဆုအပြင် အခြားဆုပေါင်းများစွာကိုလည်း ဆွတ်ခူးခဲ့ပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။


ဖြိုး(MDN)
ကိုးကား>> soompi.com