ရန်ကုန် ၂၃ မတ်
၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ၂၀၁၇ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားပေါင်း ၅၃ ကားအနက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို မြန်မာ့ပညာရေးလောကမှ ကျောင်းဆရာ၊ ဆရာမများ၏ ဘဝကို ပုံဖော်ညွှန်းဆိုထားသည့် နေခြည်မှာရွှေရည်လောင်းဇာတ်ကားက ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါဆုကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖွင့်ဖောက်ကြေညာကာ အကယ်ဒမီ ရွှေစင်ဆုပေးအပ်ချီးမြှင့်ပေးခဲ့ပြီး မင်္ဂလာဇော်ရုပ်ရှင်ထုတ်လုပ်ရေး တာဝန်ရှိသူတစ်ဦးက ကျေးဇူး တင်စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပ လျက်ရှိသည်။
MDN