၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်နောက်ခံတေးဂီတဆု စန္ဒရားတင်ဝင်းလှိုင် ဆွတ်ခူး

ရန်ကုန် ၂၃ မတ်


၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်  ၂၀၁၇ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားပေါင်း ၅၃ ကားအနက် ရုပ်ရှင်အတတ်ပညာဆု တစ်ဆုဖြစ်သည့် အကောင်းဆုံးရုပ်ရှင်နောက်ခံတေးဂီတဆုကို တေးဂီတပညာရှင် စန္ဒရားတင်ဝင်းလှိုင်က ကွမ်းလုံရက် ၄၀  ဇာတ်ကားဖြင့်  ဆွတ်ခူးရရှိခဲ့သည်။ 


အဆိုပါဆုကို ရုပ်ရှင်သရုပ်ဆောင် ဒေါက်တာအန်ဒရူးကောင်းက ဖွင့်ဖောက်ကြေညာကာ ဆုပေးအပ်ချီးမြှင့် ပေးခဲ့ ပြီး အကယ်ဒမီ စန္ဒရားတင်ဝင်းလှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပလျက်ရှိသည်။


အကယ်ဒမီ စန္ဒရားတင်ဝင်းလှိုင်သည် ကွမ်းလုံရက် ၄၀ ဇာတ်ကားတွင် တိုက်ပွဲဇာတ်ဝင်ခန်းများ၊ အပစ် အခတ်ခန်းများနှင့်  တပ်မတော်သားများ၏ အလွမ်းအဆွေးဇာတ်ဝင်ခန်းများ၊ နောက်တန်းမှ မိသားစုဝင်များ၏ ပူပင်သောကများ၊ အလွမ်းအဆွေးများကို ပုံဖော်ရာတွင် ပီပြင်စွာ သရုပ်ဖော်နိုင်ခဲ့ကြောင်း သိရသည်။


MDN