၂၀၁၇ ခုနှစ်အတွက် ရုပ်ရှင်ဓာတ်ပုံဆုကို ကျောက်ဖြူ(ပဒေသာ)ကိုနေဝင်း ဆွတ်ခူး

ရန်ကုန် ၂၃ မတ်

 


၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်  ၂၀၁၇ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားပေါင်း ၅၃ ကားအနက် ရုပ်ရှင်အတတ်ပညာဆု တစ်ဆုဖြစ်သည့် ရုပ်ရှင်တည်းဖြတ်ဆုကို ကျောက်ဖြူ(ပဒေသာ)ကိုနေဝင်းက သရဲမ၊ ဘီလူးမနှင့်မိန်းမပျို ဇာတ်ကားဖြင့်  ဆွတ်ခူးရရှိခဲ့သည်။ 

 


အဆိုပါဆုကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကြည်က ဖွင့်ဖောက်ကြေညာပေးခဲ့ပြီး အကယ်ဒမီ ကျောက်ဖြူ(ပဒေသာ)ကိုနေဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

 


အဆိုပါအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပလျက်ရှိသည်။

 

 

MDN