၂၀၁၈ ကို ထူးခြားတဲ့ဖျော်ဖြေမှုတွေနဲ့ ဖြတ်သန်းမယ့် SHINHWA

၂ ဇန်နဝါရီ

 

ကေပေါ့ပ်အဖွဲ့ Shinhwa အနေနဲ့ အခု ၂၀၁၈ ခုနှစ်အတွင်းမှာ ပရိသတ်တွေအတွက် ထူးခြားတဲ့ဖျော်ဖြေမှုတွေနဲ့ ဖြတ်သန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

၁၉၉၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Shinhwa ကေပေါ့ပ်အဖွဲ့ဟာ ဒီနှစ်မှာဆိုရင် အနုပညာသက်တမ်း ၂၀ ပြည့်မြောက်တဲ့နှစ်လည်းဖြစ်တာမို့ အဖွဲ့အတွက်ရော Shinhwa ကို အားပေးတဲ့ ပရိသတ်တွေ အတွက်ပါ အထူးပဲ အဓိပ္ပာယ် ပြည့်စုံတဲ့ နှစ်တစ်နှစ်လို့ ဆိုနိုင်ပါတယ်။ ဒီနှစ်မှာ Shinhwa အနေနဲ့ အယ်လ်ဘမ်သစ်လည်း လုပ်သွားဖို့ရှိသလို အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း  အင်တိုက်အားတိုက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ Shinhwa ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

mdn

 

Shinhwa အဖွဲ့မှာ လက်ရှိ ကေပေါ့ပ်အမျိုးသား တေးသံရှင်  ၆ ဦးနဲ့ ဖွဲ့စည်းထားပြီး နှစ်ပေါင်း ၂၀ အတွင်း စတူဒီယိုအယ်လ်ဘမ် ၁၃ ခုနဲ့ နိုင်ငံတကာ ဂီတဖျော်ဖြေ ပွဲပေါင်းများစွာကိုလည်း တင်ဆက်နိုင်ခဲ့ပါတယ်။

 

Shinhwa အနေနဲ့ ကိုရီးယားဂီတလောကရဲ့ အထင်ကရ Mnet Asian Music Awards ၁၀ ကြိမ်၊ ကိုရီးယားနိုင်ငံ ဂီတအစည်းအရုံးက ပေးအပ်ချီးမြှင့်တဲ့ Golden Disc Awards ၆ ကြိမ်နဲ့ အခြားဂီတဆိုင်ရာဆုတွေ မြောက်မြားစွာရရှိခဲ့တဲ့ ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

 

MDN