၂၀၁၈ Met Gala ပွဲတက် ဖက်ရှင်အချို့ကို စုစည်းတင်ပြ

၈ မေ

 

နယူးယောက်ရှိ Metropolitan ပြတိုက် ရန်ပုံငွေအတွက် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Met Gala ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ 

 


ဒီနှစ် ကျင်းပတဲ့ပွဲမှာ "Heavenly Bodies: Fashion and the Catholic Imagination" (ကောင်းကင်နဲ့ ဆက်စပ်တဲ့ ဝတ်စားဆင်ယင်မှု တနည်းပြောရင် ကက်သရစ်ဘာသာကို စိတ်ကူးယဉ်ပြီး ဖက်ရှင်ဒီဇိုင်းပုံ) ကို ရည်ညွှန်းပြီး အဝတ်အစားတွေ ဝတ်ဆင်ကြတာကို တွေ့ရပါတယ်။ 

 


၂၀၁၈ Met Gala မှာ တက်ရောက်ချင်သူများအတွက် လက်မှတ်တစ်စောင်ကို အမေရိကန် ဒေါ်လာ သုံးသောင်း (မြန်မာငွေကျပ် ၄၀, ၂၀ဝ၀, ဝ၀ဝ)ခန့်နှင့် စားပွဲဝိုင်းကြေးက အမေရိကန် ဒေါ်လာ နှစ်သိန်းခုနစ်သောင်းငါးထောင်(မြန်မာငွေကျပ်   ၃၆၈,၅၀ဝ,ဝ၀ဝ)ခန့် ရှိပါတယ်။

 


အဲဒီမှာ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊  ဖက်ရှင်ဒီဇိုင်းပညာရှင်၊ အနုပညာရှင်၊ ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ ပညာရှင်တွေ၊ ဂီတပညာရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင် တက်ရောက် ခဲ့ကြပါတယ်။  ဒီပွဲကို ၁၉၄၈ ခုနစ်ကနေ စပြီး ကျင်းပခဲ့ဖြစ်ပါတယ်။ 

 


ကမ္ဘာကျော် အနုပညာရှင်များကလည်း ပွဲရဲ့ခေါင်းစဉ်နဲ့ အညီ ဝတ်ဆင်လာပြီး ညစာစားပွဲကို တက်ရောက်လာကြပါတယ်။ အဲဒီ ဖက်ရှင်ဒီဇိုင်းထဲကနေ ခေါင်းမှာ ဆောင်းလာတဲ့ အဆင်တန်ဆာများကို စုစည်း တင်ဆက်ပေးလိုက်ရပါတယ်။

 


ရေဟာနားရဲ့ ပုတ်ရဟန်းဆောင်းတဲ့ ခေါင်းဆောင်းမျိုးကို ဆောင်းပြီး အဲဒီခေါင်းဆောင်းနဲ့ လိုက်လျောညီတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။

 

(Rihanna) 

 

 

 

 

ဆာရာ ဂျက်ဆီကာ ပါကာ ကလည်း ကျောက်စီထားတဲ့ ခေါင်းဆောင်နဲ့ တမျိုး စွဲဆောင်နေပါတယ်။ 

 

(Sarah Jessica Parker) 

 

 

မက်ဒေါနား ကတော့ လက်ဝါးကပ်တိုင်များပါတဲ့ ရွှေသရဖူဆောင်းပြီး အနက်ရောင်ဇာပဝါကို မျက်နှာကို ဖုံးထားပါတယ်။ 

 

(Madonna) 

 

 

ခေါင်းမှာ ချွန်ထက်တဲ့ ရွှေအပ်တွေပါရှိတဲ့ ခေါင်းဆောင်းဝတ်ထားတဲ့ အန်နီ ဟာသာဝေး ကလည်း ကော်ဇော်နီပေါ်မှာ အမြင်တင့်နေတာကို တွေ့ရမှာပါ။ 

 

(Anne Hathaway)

 

 

မျက်နှာကို ရွှေဆေးချယ်ပြီး အနက်ရောင် ကျောက်စီထားတဲ့ ခေါင်းဆောင်းက ဝတ်ဆင်ထားတဲ့ ကာရာ ဒီးလဗင်းန်

 

(Cara Delevingne) 

 

 

ကတ်တီပယ်ရီ ရဲ့ နတ်သမီးတောင်ပံတပ်ထားတဲ့ ဝတ်စုံက လူအများရဲ့ စိတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ 

 

(Katy Perry)