၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလား အမေရိကန်အမျိုးသမီးအသင်း ဆွတ်ခူး

mdn

၉ ဇူလိုင်


၂၀၁၉ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၏ နောက်ဆုံး ဗိုလ်လုပွဲအဖြစ် အမေရိကန် အမျိုးသမီးအသင်းနှင့် နယ်သာလန်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အမေရိကန်အမျိုးသမီးအသင်းက နယ်သာလန် အမျိုးသမီးအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ အမျိုးသမီး ကမ္ဘာ့ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပွဲစဉ်တွင် အမေရိကန်အမျိုးသမီးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို ရာပီနိုက ပွဲကစားချိန် ၆၁ မိနစ်တွင် ပင်နယ်တီသွင်းဂိုးနှင့် ၆၉ မိနစ်တွင် လာဗယ်လီက တစ်ဂိုး အသီးသီး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်တိုက်စစ်မှူး ရာပီနိုသည် ၂၀၁၁၊ ၂၀၁၅ နှင့်ယခု ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် သုံးကြိမ်ဆက်ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားကို ပေးအပ်ချီးမြှင့်သည့် ရွှေဘောလုံးဆုကိုပါ ရယူဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ အမေရိကန်အမျိုးသမီး အသင်းသည် ယခု ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သွင်းဂိုး ၂၆ ဂိုးအထိသွင်းယူနိုင်ခဲ့ခြင်းကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သည့်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

 

အမေရိကန်အမျိုးသမီးအသင်းသည် ကမ္ဘာ့ဖလားကို လေးကြိမ်အထိရယူနိုင်ခဲ့ပြီး ၁၉၉၁၊ ၁၉၉၉၊ ၂၀၁၅ နှင့် ယခု ၂၀၁၉ တို့တွင် ရယူဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

 

 ငွေကြယ်