၂၀၁၉ ဂေါက်သီး စည်းမျဉ်းသင်တန်း (R&A Level-1 Rules Seminar 2019) တောင်ကြီးမြို့တွင်ဖွင့်လှစ်

၁ စက်တင်ဘာ 


မြန်မာနိုင်ငံ ဂေါက်သီးအားကစား ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် နှင့် R&A တို့ ပူးပေါင်းဖွင့်လှစ်သော (R&A Level-1 Rules Seminar 2019) ကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြိုတောင်ကြီးဂေါက်ကလပ်၌ ဖွင့်လှစ်ရာ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နာယက ဗိုလ်ချုပ်ဇာနည်ဝင်း (ငြိမ်း) နှင့် ဂေါက်သီးစည်းမျဉ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ဦးနှင့် သင်တန်းပို့ချမည့်နည်းပြများ၊ သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ဇာနည်ဝင်း(ငြိမ်း)နှင့် တောင်ကြီးဂေါက်ကလပ်ဥက္ကဋ္ဌ ဦးစိုင်းကျော်ကျော်လှိုင်တို့မှ အမှာစကားပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ဇာနည်ဝင်း (ငြိမ်း) မှတောင်ကြီးဂေါက်ကလပ်သို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ တောင်ကြီးဂေါက်ကလပ်ဥက္ကဋ္ဌ ဦးစိုင်းကျော်ကျော်လှိုင်က လက်ခံရယူပြီး (ပုံ) မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်သို့ အမှတ်တရ လက်ဆောင်ပြန်လည်ပေးအပ်ရာ နာယကဗိုလ်ချုပ်ဇာနည်ဝင်းက လက်ခံရယူသည်။ သင်တန်းသို့ ဂေါက်သီးအားကစား စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၁)ဦး တက်ရောက်ခဲ့သည်။


သတင်း-ဖိုးသော်ဇင်


ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်