၂၀၁၉ ခုနှစ် စတုတ္ထအကြိမ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် MCC ခန်းမတွင် ကျင်းပမည်

ရန်ကုန်  ၂၀  နိုဝင်ဘာ 

"တူရွှင်နွှဲပျော် မသန်စွမ်းအနုပညာပွဲတော်" ခေါင်စဉ်ဖြင့် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်ကြီးကို  ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်တွင် နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်နှင့်အတူ နိုင်ငံကျော် တေးဂီတ အနုပညာရှင်များက ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်ပြီး စက်ကာပူနိုင်ငံ အကြားအာရုံ မသန်စွမ်းသူများအဖွဲ့၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ တို့က ထူးခြားဆန်းသစ်သော Wheel  Chair အက၊ အကြားအာရုံ၊ အမြင်အာရုံ၊ ကိုယ်အင်္ဂါ မသန်စွမ်းသူ အနုပညာရှင်များတို့၏ ရသပြောင်မြောက်စွာ ရင်သတ်ရှုမောဖွယ် ဖျော်ဖြေတင်ဆက်မှုတို့ကို အတူတကွ ပျော်ရွှင်စွာ လာရောက် ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ထို့သို့ လှုပ်ရှားမှုအနေဖြင့် ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ရန်ကုန် လှည်တန်းစင်တာရှေ့ အဆိုအတီးများဖြင့် ဖျော်ဖြေကာ ဝင်ခွင့်လက်မှတ်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ-မျိုးကြီး