၂၀၁၉ ခုနှစ် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဖလား တံခွန်စိုက် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ၁၅ ဇူလိုင်


ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစာကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဖလား မိုးရာသီတံခွန်စိုက် ဝိုင်းဖွဲ့အမှတ်ခတ်ပြိုင်ပွဲ ကို ဇူလိုင်(၉)ရက်မှ (၁၄)ရက် အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဇူလိုင်(၁၄)ရက်ညနေ ၅ နာရီတွင် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


ရိုးရာခြင်းလုံးဝိုင်းဖွဲ့အမှတ်ခတ်ပြိုင်ပွဲများတွင် အမျိုးသား(၁၀)ပေါက်တန်း၊ အမျိုးသား(၆)ပေါက်တန်းနှင့် အမျိုးသား(၄)ပေါက်တန်း၊ အမျိုးသမီး (၄)ပေါက်တန်းများ ပါဝင်ခဲ့သည်။


မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းဖွဲ့ခတ်ပြိုင်ပွဲတွင်(၁၀)ပေါက်တန်း ပထမဆုရ "ဌေးရတနာ" အသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် ကချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသော "One Two Two One" အသင်းအား လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်းကောင်း၊ တတိယဆုရရှိသည့် "ကာကွယ်ရေး"အသင်းအား မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင် ကလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး ကျန်ဆုများကို ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ပေးအပ်ချီးမြှင့်ခဲ့သည်။


ကိုကြီးစိုး(ဆိပ်ကမ်း)