၂၀၁၉ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ၇ စက်တင်ဘာ    


၂၀၁၉ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့နံနက် (၈) နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)တွင် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိသည်။


ယနေ့ယှဉ်ပြိုင်ကစားသော အမျိုးသမီးပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၂၀-၂၅) မှတ်၊ (၂၅-၁၅) မှတ်၊ (၂၅-၁၇) မှတ် (၂၅-၁၉)မှတ်ဖြင့်လည်းကောင်း၊ ဆက်လက်၍  အမျိုးသားပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၂၅-၃) မှတ်၊ (၂၅-၅) မှတ်၊ (၂၅-၅)မှတ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းမှ (၂၅-၁၅) မှတ်၊ (၂၅-၂၃) မှတ်၊ (၂၇-၂၉) မှတ်၊ (၂၅-၂၁)မှတ်ဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာနအသင်းမှ (၂၅-၂၀)မှတ်၊ (၂၅-၉)မှတ်၊ (၂၅-၉)မှတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။


၂၀၁၉ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို စက်တင်ဘာ ၈ ရက်တွင်  ရပ်နားမည်ဖြစ်ပြီး စက်တင်ဘာ ၉ ရက် နံနက်(၈)နာရီမှစတင်၍ (အမျိုးသမီး) ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့သည်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းတို့သည်လည်းကောင်း၊ (အမျိုးသား) ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာန အသင်းတို့သည်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ သတင်းရရှိသည်။


MDN