၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၃ ဇူလိုင်

                                                        

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင် အမှတ် (I-20)တွင် ကျင်းပသည်။

 

အစည်းအဝေး၌ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေး ပူးပေါင်းအဖွဲ့ (၁၄) ၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးကြသည်။

 

အဆိုပါအစည်းအဝေးသို့ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေး ပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)၏  ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန် တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်