၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံမူလတန်းကျောင်း စတုတ္ထတန်းသင်ရိုးသစ် Online သင်တန်း ဖွင့်လှစ်

လှိုင်းဘွဲ     ၁၃     ဇွန်  

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံမူလတန်းကျောင်း စတုတ္ထတန်း သင်ရိုးသစ် Online သင်တန်းကို ယမန်နေ့က လှိုင်းဘွဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

 

အဆိုပါ စတုတ္ထတန်း သင်ရိုးသစ် သင်ခန်းစာများကို ထိရောက်အောင်မြင်စွာ သင်ကြားနိုင်ရန်အတွက် သင်ကြားမှု အတတ်ပညာများ၊ စာသင်ခန်းအတွင်း တွေ့ကြုံလေ့ရှိသည့် အခက်အခဲများ၊ ဖြေရှင်းရန် နည်းလမ်းများကို နားလည်သဘောပေါက်စေရန် သင်ကြားပို့ချပေးခြင်းဖြစ်သည်။

 

လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် သင်ကြားမည့် ကျောင်း ၃၂၉ ကျောင်းရှိ သင်ကြားနည်းပြဦးရေ ၁၁၄ ဦး၊ ကြီးကြပ်သူ ငါးဦးတို့ကို နှစ်ရက်ကြာ သင်ကြားပေမည်ဖြစ်သည်။ ယခုတက်ရောက်သည့် ဆရာ/ ဆရာမများက ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ ဆရာ/ဆရာမ ၁၁၃၅ ဦးကို စာသင်ခန်း ၅၇ ခန်းအား အသုံးပြုပြီး တစ်ခန်းကို ဆရာ/ဆရာမ  ၂၀ ဦးဖြင့် ထပ်မံဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်ထံမှ သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)