၂၀၂၀ အိုလံပစ် အားကစားပြိုင်ပွဲ  အစမ်းကစားပွဲ အစီအစဉ်များ ထုတ်ပြန် ကြေညာ

၂၅ ဇန်နဝါရီ

 

အိုလံပစ် ပွဲ စီစဉ်ရေး အဖွဲ့က ၂၀၂၀ တိုကျို အိုလံပစ်နှင့် မသန်စွမ်းအားကစား ပြိုင်ပွဲများအတွက် အစမ်းကစားပွဲ အစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါအစမ်းကစားပွဲ ၅၆ ခုကို လာမည့်နှစ် မေလအထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

ထို အိုလံပစ်ပွဲစီစဉ်ရေး အဖွဲ့သည် ပွဲစဉ် ၅၁ ခု အစီအစဉ်များကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ် အဖွဲ့က လက်ဝှေ့ပွဲအတွက် အပြည်ပြည်ဆိုင်ရာ အားကစားအဖွဲ့အစည်း၏ လုပ်ဆောင်ချက်ကို ဆိုင်းငံ့ထားကြောင်းနှင့် အရေးပါသော လဟာပြင်ပွဲစဉ် ၂၂ ခု ကို ဇွန်လမှ စက်တင်ဘာလ အထိ ကျင်းပမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ယင်းပွဲစဉ်များတွင် သဲသောင်ပြင် ဘော်လီဘော ၊ ဂေါက်သီး နှင့် ပွဲစဉ်သစ်တစ်ခု ၊ တောင်တက်အားကစားနည်းများ ပါဝင်သည်။

 

အိုလံပစ်အားကစားပွဲများကို အရှိန်အဟုန်ဖြင့် မြှင့်တင်ရန်အတွက် အိုလံပစ်ပွဲစီစဉ်ရေးအဖွဲ့ က အစမ်းကစားပွဲများကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို