၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မြင်းမူမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  ၉၃၉၁၀ ရှိ

မြင်းမူ  ၂၉  ဇူလိုင်   

 

မြင်းမူမြို့နယ်အတွင်း  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ယခု လက်ရှိအချိန်ထိ  ၉၃၉၁၀ ဦး ရှိပြီး၊  မဲရုံပေါင်း ၆၆ ရုံ ထားရှိပေးသွာမည်ဖြစ်ကြောင်း သိရှိရသည်။

 

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲ၌    မြင်းမူမြို့နယ်အတွင်း မဲဆန္ဒနယ်မြေများအဖြစ် ပြည်သူလွှတ်တော်မဲဆန္ဒနယ်မြေ ၁ ခု၊ တိုင်းဒေသကြီးအမှတ်(၁) မဲဆန္ဒနယ်မြေ ၁ ခု၊ တိုင်းဒေသကြီးအမှတ်(၂) မဲဆန္ဒနယ်မြေ(၁)ခုနှင့်  စစ်ကိုင်းမြို့နယ်၊  မြင်းမူမြို့နယ်၊  မြောင်မြို့နယ် ၃ မြို့နယ် ပေါင်း၍  အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ ၁ ခု သတ်မှတ်ထားရှိကြောင်း သတင်းရရှိသည်။

 

နေလင်းအောင်(ပြန်/ဆက်)