၂၀၂၀ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးသီးနှံဧကများအတွက် အဌမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

နတ်မောက်    စက်တင်ဘာ  ၁၅                       

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် နတ်မောက်မြို့နယ် အတွင်းရှိ ၂၀၂၀ ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ နွားစားပြောင်းများအနက် မိုးနှမ်း (၁၅၁၉.၅၁)ဧက ၊မြေပဲ (၅.၇၉)ဧက၊ စပါး(၁)ဧက အတွက် တောင်သူဦးရေ (၁၀၆၇၉)ဦးအား အဌမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံဧကများအတွက် ထောက်ပံ့ငွေပေးရခြင်း၏ ရည်ရွည်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး နတ်မောက်မြို့နယ်အတွင်းရှိ ၂၀၂၀ ပြည့်နှစ် စိုက်ပျိုးရာသီတွင် မိုးလိုမိုးခေါင်မှုကြောင့် ပျက်စီးသွားသော သီးနှံများအတွက် ကျေးရွာအုပ်စု(၁၈) အုပ်စုအတွက် ငွေကျပ် (၇၆၁၄၇၃၀ဝ)ကို သရက်ချဉ်ကျေးရွာ အုပ်စု၊ သစ်လှကျဉ်းကျေးရွာအုပ်စု၊ မယ်ဇလီပင်ကျေးရွာအုပ်စု၊         န-လက္ခုပင် ကျေးရွာအုပ်စု၊ တောင်ဘက်ကြီးကျေးရွာအုပ်စု၊ သမုန်းပင်ကျေးရွာအုပ်စု၊ ဒန့်ဒလွန်ပင် ကျေးရွာအုပ်စု၊ ဆုံမကျီးပင် ကျေးရွာအုပ်စု၊ မကျီးချိုကျေးရွာအုပ်စု၊ သားမျှားကျေးရွာအုပ်စု၊ ဂွေးတောက်ကုန်းကျေးရွာအုပ်စု၊ ပ-ဂွေးချိုကျေးရွာအုပ်စု၊ ကပေါင်းကုန်းကြီးကျေးရွာအုပ်စု၊ န-ကျားထူး ကျေးရွာအုပ်စု၊ ကုလားရှင်ကျေးရွာအုပ်စု၊ ဆင်သေကန်ကျေးရွာအုပ်စု၊ သမုန်းကုန်းကြီး ကျေးရွာအုပ်စု၊ ဈေးသာကျေးရွာအုပ်စုများရှိ တောင်သူများ၏ သီးနှံပျက်စီးမှုဧကအလိုက် ထောက်ပံ့ငွေများကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  သက်ဆိုင်ရာ ရပ်ကျေးစာရေးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းတို့မှတစ်ဆင့် တောင်သူများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                                                           မြို့နယ်(ပြန်/ဆက်)