၂၀၂၃ ခုနှစ် ဖီဖာအမျိုးသမီးကမ္ဘာ့ဖလား သြစတြေးလျနိုင်ငံ ပြင်ဆင်

မတ်  ၁၃

ကမ္ဘာ့အကြီးဆုံး အမျိုးသမီးအားကစားပြိုင်ပွဲ ကျင်းပရန်ရက်မှာ တဖြည်းဖြည်းချင်း နီးကပ်လာပြီ ဖြစ်သည်။ ယခုဆိုလျှင် အားကစားပြိုင်ပွဲကြီးကျင်းပရန် ရက်ပေါင်း ၅၀ဝ အောက်သာ ကျန်ရှိတော့ သည်။

ဩစတြေးလျနိုင်ငံသည် ၂၀၂၃ ခုနှစ် ဖီဖာအမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကြီးသည် အမျိုးသမီးများ၏ ဘောလုံး အဆင့်အတန်းကို နောက်တစ်ဆင့်တက်လှမ်းနိုင်ရေး အဆင့်မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဩစတြေးလျ အမျိုးသမီးဘောလုံးအသင်း အကြီးအကဲဖြစ်သူ ဆာရာ့ဝါရှ်က ပြောသည်။

ဩစတြေးလျနိုင်ငံ မြို့ပေါင်း ၁၀ မြို့ရှိ အားကစားရုံများနှင့် နယူးဇီလန်နိုင်ငံတို့တွင် ပြိုင်ပွဲကျင်းပ သွားမည်ဖြစ်သည်။ အဖွင့်ကစားပွဲကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် အော့ကလန်မြို့၌ ပြုလုပ်သွားမည်ဖြစ်သည်။ ဩဂုတ် ၂၀ ရက်တွင် နောက်ဆုံးပြိုင်ပွဲကို ဆစ်ဒနီမြို့၌ ကျင်းပမည်ဖြစ်သည်။ ဩစတြေးလျအသင်းနှင့် နယူးဇီလန်အသင်းတို့ယှဉ်ပြိုင် ကစားမှုကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်နှင့် ဩဂုတ် ၂၀ ရက်တို့တွင် ပြုလုပ်မည်ဖြစ်သည်။

အောင်