(၃၀) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွက်လှေအသင်း ပြည်ပထွက်ခွာ

ရန်ကုန်   ၂၁   နိုဝင်ဘာ            

ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာလ (၃၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၁) ရက်နေ့ အထိကျင်းပပြုလုပ်မည့် (၃၀) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်မှ လက်ရွေးစင် အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူ နည်းပြများသည် ယမန်နေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

MDN