၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

နေပြည်တော်  ၆ ဒီဇင်ဘာ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၀၅ မိနစ်၊ ၄၀ စက္ကန့်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၃၄၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ မြောက်လတ္တီတွဒ် (၁၂.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၀၆)ဒီဂရီ၊ အနက် (၇၄)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုး/ဇလ