5G အတွက် POLOR CODES တီထွင်သူ တူရကီပါမောက္ခအား ဟွာဝေးကုမ္ပဏီမှ ဆုချီးမြှင့်

ရန်ကုန် ၄ သြဂုတ် 

 

ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတွင် ထူးထျွန်စွာ သုတေသနပြုနိုင်ခဲ့သော တူရကီလူမျိုး ပါမောက္ခ Mr.Erdal Arkan အား 5G အတွက် polor codes တီထွင်သူအဖြစ် ဇူလိုင်(၂၆) ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂွမ်ဒေါင်းပြည်နယ်၊ ရှန်ကျန်းမြို့ရှိ ဟာဝေးကုမ္ပဏီတွင် အထူးဆုချီးမြှင့်ခဲ့ပြီး ၎င်းနှင့်အတူ ဆောင်ရွက်ခဲ့သော သိပ္ပံပညာရှင်နှင့်အင်ဂျင်နီယာတစ်ရာကျော်ကိုလည်း ကုမ္ပဏီမှဂုဏ်ပြုခဲ့ကြောင်း သိရသည်။

 

ပါမောက္ခ Arkan တီထွင်ခဲ့သည် polor codes သည် ဒေတာထုတ်လွှင့်မှုအမြန်နှုန်းနှင့် အမြင့်ဆုံးတင်ပေးနိုင်သော နည်းလမ်းသစ်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပြီး poior codes သည် 5G အတွက်ကုဒ် ရေးသားမှုစွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်သည့်နည်းတူ ဒီဇိုင်းရှုပ်ထွေးမှုကိုလျော့ချပြီး ဝန်ဆောင်မှုအရည်အသွေးကောင်းကိုလည်း ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော့အနေနဲ့ 5Gအတွက် ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ ပါမောက္ခ Arkan နဲ့အတူ အကယ်ဒမီကလုပ်ဖော်ကိုင်ဘက်များ၊ သိပ္ပံပညာရှင်များနဲ့ ဟာဝေးဝန်ထမ်းများကို အထူးကျေးဇူးတင်ပါတယ်။ 5Gစံနှုန်းဟာ အခြားသုတေသနနဲ့ ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာတို့အတွက် ကမ္ဘာတစ်ဝှမ်းလုံးကကုမ္မဏီများ စုပေါင်းအားထုတ်မှုတစ်ရပ်ပါပဲ။ အခုလိုအောင်မြင်မှုအတွက် (၁၀)နှစ်ကျော်ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတဲ့သိပ္ပံပညာရှင်များနဲ့အင်ဂျင်နီယာတို့ကို အထူးပဲကျေးဇူးတင်ပါတယ်”ဟု ဟာဝေးကုမ္ပဏီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ မစ္စတာ Eric Xu က ပြောသည်။

 

စွန့်ဦးတီထွင်လုပ်ဆောင်မှုကြောင့် ဟာဝေးသည် ကမ္ဘာ့ပထမဆုံး 5G စမ်းသပ်မှုတို့ကို လုပ်ဆောင်သည့်ကုမ္မဏီတစ်ခုဖြစ်လာခဲ့ပြီး 5G စံနှုန်းဂေဟစနစ် တစ်ခုကိုဖန်တီးရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

ဟာဝေးသည် သုတေသနနှင့် ဖန်တီးမှုဆိုင်ရာတွင် လွန်ခဲ့သော(၁၀)စုနှစ်အတွင်း တရုတ်ယွမ်(၄)ဘီလီလျံနီးပါး ရင်းနှီးမြုပ်နှံခဲ့ပြီး ၎င်း၏နှစ်စဉ် R&D အ သုံးစရိတ် အမေရိကန်ဒေါ်လာ သန်ပေါင်း(၁၅,ဝ၀ဝ)၊( ၂၀,ဝ၀ဝ)၏ (၂၀) ရာခိုင်နှုန်းမှ (၃၀)ရာခိုင်နှုန်းထိ အခြေခံသုတေသနအတွက် သီးသန့်အသုံးပြုလျက်ရှိကာ ရင်းနှီးမြုပ်နှံမှုကိုလည်း ၎င်းအတွက် တိုးမြှင့်ပေးသွားမည်ဟု သိရသည်။

 

“polor codes အပါအဝင် 5G နည်းပညာဟာ လူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်တဲ့ရလဒ်တွေကို ဖန်တီးပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ ။ကုမ္ပဏီနဲ့ ပညာရှင်တွေကြား ဟွာဝေးရဲ့ပါမောက္ခ Arkan လုပ်ဆောင်ခဲ့သလို ဆက်လုပ်ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ICTနည်းပညာနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို သိပ္ပံပညာနည်းစနစ်တွေ ပေါ်ထွန်းလာစေဖို့ မျှော်မှန်းထားပါတယ်”ဟု မစ္စတာXu ကဖြည့်စွက်ပြောကြားသည်။

 

သန်းထိုက်

ဓာတ်ပုံ-ဟွာဝေး