(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ  ၈ နိုဝင်ဘာ

(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့ နေ့လယ်တွင် သီရိကွင်းရှိ စိုက်ပျိုးရေးပြခန်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစောချစ်ခင်မှ အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ် အတွင်းရှိ ခရိုင်မြို့နယ်အသီးသီးမှ တောင်သူများ ဥယာဉ်စိုက်ပျိုးသူများ၊ ဒေသခံများမှ ဝင်ရောက် ယှဉ်ပြိုင်သော ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့် ပန်းမန်အမျိုးပေါင်း (၃၃၇)မျိုး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ အမယ်တစ်မျိုးစီတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများအား တာဝန်ရှိသူများနှင့်အတူ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

အဆိုပါပြိုင်ပွဲတွင် ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့် ပန်းမန် စုစုပေါင်း ၃၃၇ မျိုး လာရောက်ယှဉ်ပြိုင်ကြပြီး တစ်မျိုးစီးတွင် ပထမဆု ၃၇ ဆု၊ ဒုတိယဆု ၃၉ ဆု၊ တတိယဆု ၃၈ ဆု၊ နှစ်သိမ့်ဆု ၃၆ ဆု၊ အထူးဆု  ၅ ဆု စုစုပေါင်း ၁၅၅ ဆုကို ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

စိုးထက်အောင်(ပြန်/ဆက်)