(၆၆) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

လွိုင်ကော် ၁၅ ဇန်နဝါရီ  

 

၂၀၁၈ ခုနှစ်  (၆၆) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲများကို  ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ ယှဉ်ပြိုင်ခဲ့ရာ ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီက ရိုးရာယဉ်ကျေးမှုအကစင်မြင့်၌ ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့သည်။ 

 

 

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲတွင် ဆုရရှိသူများကိုဆုများ ပေးအပ်ချီးမြှင့်ရာတွင်  ပထမဆုရ  နမ့်ကွတ်ရပ်ကွက်အဖွဲ့မှ လှမ်းလာခဲ့ပါ ကယားပြည်အကအား အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင် ကလည်းကောင်း၊ ပူးတွဲ ဒုတိယဆုရရှိ ကြသည့် ဒေါတငူးကျေးရွာမှ ဖားစည်အက၊ ဒေါခလိုက်လင်းကျေးရွာမှ လုပ်ငန်းခွင်အက၊ ဒီးမော့ဆိုမြို့နယ် ကိ်ုယ်စားပြုအဖွဲ့မှ နိုင်ငံသစ်ဆီသို့လှမ်းချီ အကအား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က လည်းကောင်း၊ ပူးတွဲတတိယဆုရရှိသွားသော ဒေါဥခူရပ်ကွက်မှ ဂေဘားအလှဝါးညှပ်အက  ၊ လွိုင်ကော်မြို့နယ်ကိ်ုယ်စားပြုအဖွဲ့မှ ကယန်းယဉ်ကျေးမှုအက ၊ ဆောင်ကန်းကယားကျေးရွာမှ ရှေ့သို့လှမ်းချီအက တို့အား ကယားပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေး နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်တို့ ကလည်းကောင်း၊ နှစ်သိမ့်ဆုရရရှိကြသည့် ဝါရီကောခူ ကျေးရွာမှ ကယန်းမျိုးနွယ်စုအက၊ ဒေါဆော်ဘီးကျေးရွာမှ ဖလခဲအက ၊ ဖရူဆိုမြို့နယ်ကိ်ုယ်စားပြုအဖွဲ့မှ အမိုလို့မာကယားကေ အက ၊ နာနတ်တော်ရပ်ကွက်မှ ဘားကယောအက ၊ ပီးကင်းကောခူကျေးရွာမှ ကယန်းဒယံပလီအက တို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး နှင့် ဦးစိုးရယ် တို့က လည်းကောင်း ၊ ဂုဏ်ပြုဆုရရှိကြသည့် အကပြိုင်ပွဲဝင် (၈) ဖွဲ့အား ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးတင်မြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

 

ထို့နောက် ပြိုင်ပွဲတွင်ဆုရှိခဲ့ကြသည့် တိုင်းရင်းသားရိုးရာအကအဖွဲ့များက ပြန်လည် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အဆိုပါ ဆုချီးမြှင့်ပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင်နှင့် ဇနီး ၊  ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီး ၊ ကယားပြည်နယ် လွှတ်တော် ဥက္ကဌ ဦးလှထွေး နှင့် ဇနီး ၊ တရားလွှတ်တော်တရားသူကြီးချုပ် ၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးတင်မြင့် ၊ ပြည်သူ့လွှတ်တော် ကိ်ုယ်စားလှယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်စာရင်းစစ်ချုပ် ၊  ဌာနဆိုင်ရာများ ၊ မိဘပြည်သူများ ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့ဝင်များ တက်ရောက်ကြသည်။ 

 

 

  ပြည်နယ် ပြန်/ဆက်