(၆၆)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားများ ကျင်းပ

၁၅ ဇန်နဝါရီ

 

(၆၆)နှစ်မြောက်အဖြစ် ကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ မြို့နယ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ချီတက်ခဲ့ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြကာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုထံမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဖတ်ကြားခဲ့သည်။

 

 

အလားတူ ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင်လည်း (၆၆)ကြိမ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဖတ်ကြားခဲ့သည်။ ယင်းနောက် ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ကယားပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာ ထမင်းထောင်းပြိုင်ပွဲ ဆုရရှိသူများကို ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

 

MDN