(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ကန္ဒရဝတီ အလှမယ် နှင့် ကာယဗလမောင် ပြိုင်ပွဲကျင်းပ

လွိုကော် ၁၄   ဇန်နဝါရီ   

 

(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ဖြစ် ကာယဗလမောင်နှင့် ကန္ဒရဝတီအလှမယ် ပြိုင်ပွဲကို ယမန်နေ့ည ၅ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

 

11

 

ရှေးဉီးစွာ (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ဖြစ် ကာယဗလမောင်ပြိုင်ပွဲ ဝင် (၁၆) ဉီး တို့က စတင် ယှဉ်ပြိုင်ကြပြီး ၎င်းတို့အနက်မှ (၁၀) ဉီး ရွေးချယ်ပြီး ဆက်လက်ယှဉ်ပြိုင်ကြရာ ပထမဆုရရှိသော မောင်ရှားတော် ၊ ဒုတိယဆုရရှိသော မောင်အောင်ပြည့်  ၊ တတိယဆုရရှိသော မောင်ဇော်ဝင်းမောင် နှင့် အထူးဆု (၇) ဆု ရရှိသူများအား ဒုတိယပါမောက္ခချုပ် လွိုင်ကော်တက္ကသိုလ်မှ ဒေါက်တာဌေးအောင် နှင့် တာဝန်ရှိသူတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

 

ဆက်လက်ပြီး ကန္ဒရဝတီအလှမယ် ယှဉ်ပြိုင်မှုများ ဆက်လက်ကျင်းပရာ ပြိုင်ပွဲ(၁၆) ဉီး တို့က စတင်ယှဉ်ပြိုင်ကြပြီး ၎င်းတို့အနက်မှ (၁၀) ဉီး ထပ်မံရွေးချယ်ကာ မေးခွန်းများမေး မြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ 

 

520

 

ထို့နောက် အမှတ်ပေးဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များအရ ပထမဆုရရှိသော လွိုင်ကော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကော်လိပ်(လွိုင်ကော်) ကိုယ်စားပြု မအင်ကြင်းခိုင်    ၊ ဒုတိယဆုရရှိသာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ကိုယ်စားပြု မအိမွန်နိုင်၊ တတိယဆု ရရှိသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ၊ မီးသတ်ဦးစီးဌာန ကိုယ်စားပြု မနှင်းအိန္ဒြာဖြိုး တို့အား  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဇနီး ဒေါ်နန်းစောခင်ကလည်းကောင်း ၊ အထူးဆု (၇) ဆုရရှိ ကန္ဒရဝတီအလှမယ် များအား ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၏ ဇနီး ဒေါ်ခင်မမွှေး နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ကာယဗလ မောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ (၁၆) ဦး နှင့် ကန္ဒရဝတီအလှမယ်ပြိုင်ပွဲတွင် ဝန်ကြီးဌာနပေါင်းစုံမှ ကိုယ်စားပြုအလှမယ် (၁၆) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

 

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် အားပေးကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

 

ထွန်းလေး