(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ တူရိယာ အတီး၊ အမှုတ်၊ အက ပြိုင်ပွဲကျင်းပ

လွိုကော်  ၁၄ ဇန်နဝါရီ   

 

(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားရိုးရာ တူရိယာ အတီး၊ အမှုတ်၊ အကပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂  နာရီက  ကယားပြည်နယ်နေ့ ပွဲတော်ကျင်းပရာကွင်း၌ ပြုလုပ်သည်။

 

အဆိုပါပြိုင်ပွဲတွင် ပထမနေ့အနေဖြင့် တိုင်းရင်းသားရိုးရာ တူရိယာ အတီး၊ အမှုတ်၊ အကပြိုင်ပွဲတွင် ဖားတီမာ ကျေးရွာအဖွဲ့၊ ဒေါတိပို့ ကျေးရွာအဖွဲ့၊ မြေနီကုန်းကျေးရွာအဖွဲ့၊ ထူဒီးဆိုကျေးရွာအဖွဲ့၊ ဆော်ပထန် (ယင်းဘော်) ကျေးရွာအဖွဲ့၊ ဒေါလျားခူ ကျေးရွာအဖွဲ့၊ ဒေါပေါ်ကူး ကျေးရွာအဖွဲ့တို့က ယှဉ်ပြိုင်ခဲ့ကြပြီး ဇန်နဝါရီ ၁၅ ရက်တွင် ဒေါတကလဲကျေးရွာ အဖွဲ့၊ ခိုရားခူကျေးရွာအဖွဲ့၊ ထီးဒူလဲကျေးရွာအဖွဲ့၊ လောထောတနော ကျေးရွာအဖွဲ့၊ ဒေါတမကြီးကျေးရွာအဖွဲ့၊ ဒေါညေးခူကျေးရွာအဖွဲ့၊ ချီးကယ်ကျေးရွာအဖွဲ့တို့က ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဆုရရှိသည့် အဖွဲ့များအား ပွဲတော်နေ့ ညနေ ၃ နာရီတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ထွန်းလေး(ပြန်/ဆက်)