(၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ

တွံတေး ၁၅ ဇူလိုင် 

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများအား အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ဇူလိုင် ၁၈ ရက်မှ ၁၉ ရက်ထိ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြခန်းတွင်ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်း ဘဝဖြစ်စဉ် အကြောင်းအရာများ၊ တက္ကသိုလ်ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်းမှ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအထိ မှတ်တမ်းဓာတ်ပုံများ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုမှတ်တမ်းဓာတ်ပုံများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် ရှားပါးဓာတ်ပုံများ၊ လက်ရေးမူများ၊ ကိုယ်ရေး၀တ္ထုများကို ဝေဝေဆာဆာ ပြသထားမည်ဖြစ်ရာ မည်သူမဆို ဝင်ရောက်ကြည့်ရှုလေ့လာ မှတ်သားနိုင်ကြောင်း သိရသည်။


                        
မျိုးလှိုင် ( တွံတေး)