(၇၂) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲကျင်းပ

သိန္နီ ၁၅ ဇူလိုင်       

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဇူလိုင် (၁၅) ရက် နံနက် ၁၀ နာရီက (၇၂) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲများ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဖိုးချိုက အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် ပြိုင်ပွဲကျင်းပရခြင်းအကြောင်း ရှင်းလင်းဆွေးနွေး သည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား အသီးသီးဆုများ ချီးမြှင့်သည်။

 

ယခုလို “ပြိုင်ပွဲတွေ ကျင်းပပေးတော့ ကျောင်းသား/ကျောင်းသူများအနေဖြင့် အာဇာနည်နေ့နှင့် ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ ပိုပြီးသိလာရတယ်။ ပြိုင်ပွဲအတွေ့အကြုံကောင်းလည်း ရတာပေါ့”ဟု အမက(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်က ပြောပြခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

MDN

 

IMG20