(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်၊ စာစောင် ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ

ကလိန်အောင်  ၁၂   ဒီဇင်ဘာ

 

၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ "အစဉ်ထိန်းသိမ်းအပ်ပေ လွတ်လပ်ရေးအမွေ" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့သည်။

 

ရှေးဦးစွာ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က "အစဉ်ထိန်းသိမ်းအပ်ပေလွတ်လပ်ရေးအမွေ" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး၊ ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာကောင်းပေမွန်များကို ရွေးချယ် ဖတ်ရှုတတ်စေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာအုပ်၊ စာစောင်ပြပွဲနှင့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ ပြသလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 

မိုးမိုးခိုင် (ပြန်/ဆက်)