(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများ ကလောမြို့၊ မိုင်းတုံမြို့နှင့် မိုင်းပျဉ်း မြို့တို့၌ ကျင်းပ

ကလော    ၂၁  နိုဝင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်တွင် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကလောမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှပေးပို့သော (၉၉)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ သဝဏ်လွှာကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုက ဖတ်ကြားခဲ့သည်။

 

အခမ်းအနားတွင် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှပေးပို့သော သဝဏ်လွှာကို မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်က ဖတ်ကြားခဲ့သည်။

 

အခမ်းအနားကို မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာနှင့် နိုင်ငံရေးပါတီများ၊  NGO များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

 

ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့၌လည်း (၉၉)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနား ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့လာသော အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူ များက ဆုများချီးမြှင့်ခဲ့သည်။

 

(မြို့နယ် ပြန်/ဆက်)