အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း ရှုံးပွဲကြုံတွေ့

၁၂ မေ

 

၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။

 

မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ပြီး ငါးဂ်ုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာအတွေ့အကြုံမရှိသည့် မြန်မာအသင်းသည် ခြေစွမ်းမကွာသည့်အသင်းများနှင့် တွေ့ဆုံရာတွင် ပုံစံကောင်းပြသနိုင်ခြင်းမရှိသောကြောင့် ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် မြန်မာအသင်းထက် ကစားပုံပိုကောင်းပြီး ပြီးခဲ့သည့်နှစ်က ယူ-၁၆ အသင်းတွင် ပါဝင်ခဲ့သည့် ကစားသမားအများစုပါဝင်လာသောကြောင့် ကစားပုံပိုကောင်းကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲအရှုံးရလဒ်ကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် ရုန်းကန်ရတော့မည်ဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် အနိုင်ဂိုးများကို ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ အုပ်စု (က) အခြားပွဲတွင် ဗီယက်နမ်အသင်းက တီမောအသင်းကို ၁၆ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် အုပ်စု (က) တွင် ဗီယက်နမ်အသင်းက နှစ်ပွဲနိုင်၊ ခြောက်မှတ်၊ မြန်မာနှင့် ဖိလစ်ပိုင်အသင်းက သုံးမှတ်စီရထားပြီး တီမောအသင်းက နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ မြန်မာအသင်းသည် နောက်ဆုံးပွဲအဖြစ် နှစ်ပွဲဆက်အနိုင်ရထားသည့် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အနိုင်ရမှသာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည်ဖြစ်သည်။ အုပ်စု (က) နောက်ဆုံးနေ့ကို မေ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း