အာဂျင်တီးနားအသင်းနှင့်အတူ တိုက်စစ်မှူး မက်ဆီ ပြန်လည်ပါဝင်လာမည်

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီဟာ ဗင်နီဇွဲလားအသင်း၊ အီကွေဒေါအသင်းတို့နဲ့ ယှဉ်ပြိုင် ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ အာဂျင်တီးနားနိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ပြန်လည် ပါဝင်လာမှာဖြစ်တယ်လို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ တိုက်စစ်မှူး မက်ဆီဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီးနောက် ပြန်လည်ကျန်းမာလာတဲ့အချိန်ဖြစ်တဲ့ ယခုနှစ်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချီလီအသင်း၊ ကိုလံဘီယာအသင်းတို့နဲ့ ပွဲစဉ်တွေမှာ အာဂျင်တီးနား အသင်းနဲ့အတူ ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ မတ် ၂၅ ရက်မှာ ဗင်နီဇွဲလားအသင်း၊ မတ် ၂၉ ရက်မှာ အီကွေဒေါအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်တွေမှာ တိုက်စစ်မှူးမက်ဆီ ပြန်လည်ပါဝင်လာမှာလည်း ဖြစ်ပါတယ်။

ငွေကြယ်