အား/ကာသိပ္ပံ(မုံရွာ)ကျောင်း၏ (၂ဝ၁၈-၂ဝ၁၉)ပညာသင်နှစ် ဖွင့်ပွဲကျင်းပ

မုံရွာ ၄ ဇွန်

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်း၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ဖွင့်ပွဲကို ယနေ့  နံနက်(၈)နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အဆိုပါကျောင်းဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံအတွင်း ကျင်းပသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဒေါက်တာ ဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  အလှူရှင်များမှ ပေးအပ်လှူဒါန်းသော အလှူငွေများနှင့်အားကစားပစ္စည်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

 

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသ ထားသော အားကစားနည်း(၁ဝ)မျိုး၏ အသုံးအဆောင်များလေ့ကျင့်ရေးအကူ ပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်မှစတင်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းရှိမြို့နယ်များမှ သတ်မှတ်အားကစားနည်းများကို စိတ်ဝင်စားသည့် အဌမတန်းနှင့် နဝမတန်းတို့တွင် တက်ရောက်ပညာသင်ကြားကြမည် (ကျောင်းသား/သူ) သင်တန်းသား(၇ဝ)၊ သင်တန်းသူ (၅၇)ဦး စုစုပေါင်း(၁၂၅)ဦးဖြင့် ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ အလေးမ၊ ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ လက်ဝှေ့၊ ကရာတေး စသည့် အားကစား(၁ဝ)မျိုးနှင့် ပညာရေးကို ပေါင်းစပ်ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ယခုပညာသင်နှစ် (၂၀၁၈-၂၀၁၉)တွင်  သင်တန်းသား (၂၉)ဦး၊ သင်တန်းသူ (၄၈)ဦး စုစုပေါင်း (၇၇)ဦးကို ထပ်မံခေါ်ယူကာ ဆက်လက်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)