အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်

လွိုင်ကော် ၂ ဇွန် 

 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၈)နာရီက အားကစားနှင့် ကာယပညာ (သိပ္ပံ) လွိုင်ကော်ရှိ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သင်တန်းတက်ရောက်မည့် သင်တန်းသား/သင်တန်းသူများနှင့် ၎င်းတို့၏ မိဘများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့သည်။

 


ရှေးဦးစွာ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမှာစကားများ ပြောကြားကြသည်။ ဆက်လက်၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် စာပေထူးချွန်ဆုနှင့် အားကစား ထူးချွန်ဆုရ ကျောင်းသူ (၂)ဦးအား ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

 


ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းအကျိုးတော်ဆောင် ရန်ပုံငွေအတွက် အလှူရှင်များက စုစုပေါင်းငွေကျပ် (၉၀) သိန်းကျော် အသီးသီးထည့်ဝင် လှူဒါန်းခဲ့ရာ အားကစားနှင့် ကာပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

္န၃၄

 


အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ အားကစားနည်း (၁၀)မျိုးတွင် ကျား (၆၅)ဦး၊ မ (၇၄)ဦး စုစုပေါင်း (၁၃၉)ဦး တက်ရောက်လျက်ရှိပြီး ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် အားကစားနှင့် ပညာပေါင်းစပ်ရေး သင်တန်းတွင် အားကစားနည်း (၁၀)မျိုး၌ စုစုပေါင်း ကျား (၃၇)ဦး၊ မ (၃၂)ဦးတို့မှ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 


လွိုင်ကော်သား