အာဖဂန် မူးယစ်ဆေးဝါး နှိမ်နင်းရေးရုံးက မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သူ ၂၉ ဦးကို ထောင်ဒဏ်ချမှတ်

၂ ဇန်နဝါရီ

 

အာဖဂန် ဥပဒေပြဌာန်းရေးအဖွဲ့က မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သူ ၂၉ ဦးကို ထောင်ဒဏ်တစ်နှစ်မှ ၁၇ နှစ်အထိ ချမှတ်ခဲ့ကြောင်း ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

 

ပြီးခဲ့သည့် သီတင်းပတ်က ဗဟိုမူးယစ်ဆေးဝါးဆိုင်ရာ ခုံရုံး၏ မြို့နယ်အဆင့် တရားရုံးများ တရားစီရင်ရေး လုပ်ဆောင်နေသည့် ကာလအတွင်း မူးယစ်ဆေးရောင်းဝယ်မှု ၁၈ ခုတွင် ပါဝင်သူ ၂၉ ဦးကို ထောင်ဒဏ် တစ်နှစ်မှ ၁၇ နှစ်ထိ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အာဖဂန် မူးယစ်ဆေးဝါးပြစ်မှုဆိုင်ရာ တရားသူကြီး တက်ခ်ဖို့စ် က ထိုထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

 

မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး အဖွဲ့အစည်းများက ပြည်နယ်အမျိုးမျိုးမှ မူးယစ်ဆေးအမျိုးအစားများဖြစ်သည့် ဘိန်းဖြူ ၂၈ ကီလိုဂရမ်၊ မော်ဖင်း ၁၀ ကီလိုဂရမ်၊ ဘိန်း ၁၄၀၁ ကီလိုဂရမ်၊ ဆေးခြောက် ၁၂၆ ကီလိုဂရမ်၊ စိတ်ကြွဆေး တစ် ကီလိုဂရမ်နှင့် ဓာတုဆေးရည် ၁၆၄၂၈ လီတာ တို့ကို ရောင်းဝယ်မှုသံသယဖြင့် ၎င်းတို့ကို ဖမ်းဆီးခဲ့ကြသည်။

 

ကိုးကား ဆင်ဟွာ

ဘာသာပြန် မြင့်မြင့်ချို