အာဖဂန်နစ္စတန်မြောက်ပိုင်း အာဖဂန်တပ်ဖွဲ့ တိုက်ခိုက်မှုဖြစ်ပွား စစ်သွေးကြွ လေးဦးသေဆုံး

၂၂ မတ်

 

အာဖဂန်နစ္စတန်မြောက်ပိုင်း ဖာရတ်ပြည်နယ်တွင် အာဖဂန်တပ်ဖွဲ့များက စစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာ တာလီဘန်စစ်သွေးကြွ လေးဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က ယနေ့ပြောကြားခဲ့သည်။

 

အမျိုးသားထောက်လှမ်းရေးအေဂျင်စီနှင့် အမျိုးသားစစ်တပ် ၊ ရဲတပ်ဖွဲ့ပါဝင်သော အာဖဂန်ပူးပေါင်းတပ်ဖွဲ့သည်  ကွီဆာခရိုင်တွင် ယမန်နေ့ညနှောင်းပိုင်းက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ တာလီဘန် စစ်သွေးကြွ လေးဦး သေဆုံးပြီး ၎င်းတို့၏ ဒေသခံခေါင်းဆောင် ကာရီ အေရပ် အပါအဝင် အခြားကိုးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း အဘဒူလ် ကာရင်မ် ယူရပ် က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အဆိုပါ စစ်ဆင်ရေးအတွင်း အာဖဂန်တပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရသေဆုံးသူ မရှိကြောင်းနှင့် စစ်သွေးကြွများထံမှ ကျေးရွာအများအပြားကိုလည်း ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

 

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တာလီဘန်စစ်သွေးကြွများဘက်က တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိကြောင်း ဖော်ပြထားသည်။

 

ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား -ဆင်ဟွာ