အာဖဂန်နစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ၁၄ ဦး သေဆုံး

ကဘူးလ်၊ မေ 

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ်နှင့် မြောက်ပိုင်းစာရီပါးပြည်နယ်များတွင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး  ၁၄ ဦး သေဆုံးခဲ့ကြောင်း  တာဝန်ရှိသူများက ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီး ရေလျှံမှုများကြောင့် ဟီရတ်ပြည်နယ်တွင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့မှ ညွှန်ကြားရေးမှူး Musa Ashhari က အတည်ပြုပြောကြားသည်။

မိုးသက်မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများကြောင့် ဟီရတ်၏ အနီးအနားရှိ ဖာရတ်ပြည်နယ်တွင် တစ်ဦးနှင့် ဂျေဟာပြည်နယ်တွင် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။  Jawzjan ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးမှုကြောင့် အမျိုးသားတစ်ဦးနှင့် ကလေးတစ်ဦး အသက် ဆုံးရှုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့မှ ညွှန်ကြားရေးမှူး Sayed Safatullah Safwan က ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ