အာရှကလပ် ဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် VUC အသင်း အပြီးသတ်လူရွေးချယ်

ရန်ကုန် ၆ သြဂုတ်

မြန်မာကလပ် VUC အသင်းသည် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာရှကလပ် ဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ် ကစားသမား ၁၄ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

VUC အသင်းတွင်  အဖွဲ့ခေါင်းဆောင်- ဦးနိုင်သောင်းထိုက်၊ အုပ်ချုပ်သူ- ဦးဖုန်းပြည့်ဝ၊ လက်ထောက်အုပ်ချုပ်သူ-ဦးဖုန်းသစ်အောင်၊ နည်းပြချုပ်- ဦးဌေးမြင့်၊ လက်ထောက်နည်းပြ- ဦးဇော်ရဲမောင်၊ ဂိုးနည်းပြ- ဦးမျိုးပိုင်စိုး၊ ဂိုး- ဇော်မျိုးထိုက်၊ ပြည့်ဖြိုးအောင်၊ ကစားသမား- ရဲရင့်ဦး၊ သူရ၊ သန့်ဇင်ထွန်း၊ စိုးလင်းထက်၊ မျိုးမြင့်စိုး၊ ကောင်းဇော်ထက်၊ ဝေဇင်ဦး၊ သီဟစိုး၊ ငြိမ်းမင်းစိုး၊ အောင်ဇင်ဦး၊ နိုင်လင်းထွန်းကျော်၊ ရဲဇော်လှိုင်တို့ ပါဝင်ကြသည်။  VUC အသင်းသည် ပြိုင်ပွဲအတွက် အကြိုပြင်ဆင်ရန် ထိုင်းနိုင်ငံသို့ ကြိုတင်သွားရောက်ခဲ့ပြီး သြဂုတ် ၅ ရက်တွင် ထိုင်းကလပ် ကာဆမ်ဘန်ဒစ်အသင်းနှင့် ခြေစမ်းပွဲကစားရာ နှစ်ဂိုးစီ သရေကျခဲ့သည်။ ယင်းပွဲအပြီးတွင် အပြီးသတ်ကစားသမား ၁၄ ဦးကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ အာရှကလပ် ဖူဆယ်ပြိုင်ပွဲကို သြဂုတ် ၇ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး VUC အသင်းသည် အုပ်စု (ဂ) တွင် လက်ဘနွန်ကလပ် ဘေရွတ်အသင်း၊ အင်ဒိုနီးရှားကလပ် ဗာမို့စ်အသင်း၊ တာဂျစ်ကစ္စတန်ကလပ် ဆိုရိုအသင်းတို့နှင့် ကျရောက်နေသည်။ VUC အသင်းသည် အုပ်စုပွဲများအဖြစ် သြဂုတ် ၈ ရက်တွင် လက်ဘနွန်ကလပ် ဘေရွတ်အသင်း၊ သြဂုတ် ၁၀ ရက်တွင် အင်ဒိုနီးရှားကလပ် ဗာမို့စ်အသင်း၊ သြဂုတ် ၁၂ ရက်တွင် တာဂျစ်ကစ္စတန်ကလပ် ဆိုရိုအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

ရဲရင့်ရှိုင်း