အားသစ်လောင်းနိုးထလာမည့် သတ္တုတွင်းကဏ္ဍ

နေပြည်တော် ၂၁ ဇူလိုင်

လူထုအစိုးရသစ်သည် ယခင်ကခွင့်ပြုပေးခဲ့သော သတ္တုတွင်းလုပ်ကွက်များအနေဖြင့် ပြဋ္ဌာန်းထားသည့် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများ၊ ခွင့်ပြုမိန့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ။မရှိ အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်မှု ရှိ။မရှိ စိစစ်သုံးသပ်နိုင်ရန် လုပ်ငန်းဆက်လက်ဆောင်ရွက် ခွင့်အား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှစ၍ ယာယီရပ်ဆိုင်းခဲ့ပါသည်။ မြန်မာ့သတ္တုတွင်း နည်းဥပဒေသစ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက အတည်ပြုပြဋ္ဌာန်းပြီးဖြစ်၍ ယခုအခါ အဆိုပါရပ်နားထားသော သတ္တုလုပ်ကွက် လိုင်စင်များကို ပြန်လည်ချထားပေးရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါသည်။ သက်ဆိုင်ရာ လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှစတင်၍ အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်တော့မည်ဖြစ်ပါသည်။

အတည်ပြု ပြဋ္ဌာန်းလိုက်သော မြန်မာ့သတ္တုတွင်း နည်းဥပဒေအသစ်အရ သတ္တုတူးဖော်ရေးအတွက်သာမက သတ္တုတွင်းပိတ်သိမ်းရေး အတွက်ပါ စည်းမျဉ်းစည်းကမ်းတို့ကို သတ်မှတ်ပြဋ္ဌာန်းထားပါသည်။ ဤနည်းဥပဒေအသစ်အရ သတ္တုတွင်းပိတ်သိမ်းရေးကိစ္စရပ်အား ပတ်ဝန်းကျင် ထိန်းသိမ်းရေး သီးသန့်လုပ်ငန်း အစီအစဉ်တစ်ရပ်အဖြစ် သတ်မှတ်ထားပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်းတို့ကို လိုက်နာမှုမရှိပါက အရေးယူရမည့် အစီအစဉ်များကိုပါ ပြဋ္ဌာန်းထားပါသည်။ ဤသည်မှာ သတ္တုတွင်းကဏ္ဍ၏ ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေသည့် သတ္တုတူးဖော်မှုအဖြစ်သို့ ဦးတည်စီမံ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

အဆိုပါ မြန်မာ့သတ္တုတွင်း နည်းဥပဒေအသစ်အရ နိုင်ငံခြားကုမ္ပဏီတို့အား သတ္တုလုပ်ကွက်အသစ်များ ချထားပေးမည်ဖြစ်သော်လည်း နိုင်ငံခြားကုမ္ပဏီများအနေဖြင့် အကြီးစားလုပ်ကွက်များ၌သာ လုပ်ကိုင် ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ပါသည်။ သို့သော် ပြည်တွင်းကုမ္ပဏီများအနေဖြင့် လုပ်ကွက်ကြီး၊ လုပ်ကွက်လတ်၊ လုပ်ကွက်သေးမရွေး ဝင်ရောက်လုပ်ကိ်ုင်ခွင့် ရရှိမည်ဖြစ်ပါသည်။ ဤဥပဒေ သတ်မှတ်ပြဋ္ဌာန်းချက်သည် မြန်မာ့သတ္တုတွင်းကဏ္ဍ၌ ပြည်တွင်းကုမ္ပဏီတို့၏ ပါဝင်ဆောင်ရွက်ခွင့်ကို မြှင့်တင်အားပေးရန် ဖြစ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အကြီးစားလုပ်ကွက်တို့၏ စုစုပေါင်း ဧရိယာသည် ဧက ငါးသိန်းဝန်းကျင်၊ အလတ်စားလုပ်ကွက်တို့၏ စုစုပေါင်းဧရိယာသည် ဧက ၂၅၀ ဝန်းကျင်၊ အသေးစားလုပ်ကွက်တို့၏ စုစုပေါင်းဧရိယာသည် ဧက ၂၀ ဝန်းကျင်ရှိပါသည်။ အဆိုပါ လုပ်ကွက်တို့ကို မြန်မာ့သတ္တုတွင်း နည်းဥပဒေသစ်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် သတ္တုတွင်းဦးစီးဌာန ရုံးချုပ်တို့က စိစစ်ချထားပေးမည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကလည်း စိစစ်ချထားပေးသွားမည်ဖြစ်ပါသည်။ ယခုအခါ စစ်ကိ်ုင်းတိုင်းဒေသကြီး ဝန်းသိုတောင်ဒေသတွင် သတ္တုစမ်းသပ်ရှာဖွေနိုင်ရေးအတွက်   ျွှငညအ့သ ျွနျသကမခနျ ဃသာစညေပ ူငာငအနိ (ျွွှဃူ)   နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ် ပါသည်။ အလားတူ စာချုပ်ချုပ်ဆိုခွင့်ပြုချက် ရရန် နိုင်ငံခြားကုမ္ပဏီခုနစ်ခုကလည်း စောင့်ဆိုင်းလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ များမကြာမီ မြန်မာ့ သတ္တုတွင်းကဏ္ဍသည် အားသစ်လောင်း နိုးထလာတော့မည်ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

မြန်မာ့အလင်း