အစားအစာ ကောင်းကောင်းလေးတွေတွေ့ရင် ရှဲပေးရမယ်ဆိုလို့

Asia House Restaurant ဆိုတာ လမ်းမတော်၊ ဘုန်းကြီးလမ်းမှာ အသစ်ဖွင့်ထားတဲ့ Asian Food တွေရနိုင်တဲ့ ဆိုင်လေးပါ။ စံပြရုပ်ရှင်ရုံနဲ့နီးတော့ အဲ့ဒီဘက်များရောက်ခဲ့မယ်ဆိုရင် ဘာစားရမှန်း မသိတဲ့ပြသနာတို့၊ ဆိုင်သစ်လေးတွေ အရသာအသစ်လေးတွေစမ်းချင်သူတွေအတွက်၊ အေးအေး ဆေး ဆေးလေးထိုင်ပြီး Chilling လုပ်နိ်ုင်ဖို့အတွက်လည်း ဒီဆိုင်လေးကိုသတိထားမိကြရအောင်ပါ။

 

စံပြရုပ်ရှင်ရုံရှေ့တည့်တည့်ကိုရောက်ရင် လမ်းကူးလိုက်၊ ပြီးရင်ကမ်းနားလမ်းဘက်ကိုဆင်း။ ဆင်းသွား ရင်းနဲ့ ညာဘက်ခြမ်းမှာ နှစ်ထပ်တိုက်လေးမှာမှ Asia House ဆိုတဲ့ဆိုင်လေးရှိတယ်။ ဒီဆိုင်လေး ကဖွင့်တာ ဘယ်လောက်မှမရှိသေးတော့ သိတဲ့သူတော့နည်းအုံးမယ်ထင်တယ်။

 

ဒီဆိုင်လေးက အထဲထဲကိုစပြီးဝင်သွားတဲ့အချိန်မှာထဲက မီးရောင်ဖျော့ဖျော့လေးတွေအားပြုထားတဲ့ အလင်းရောင်ခပ်ဖျော့ဖျော့လေးကကြိုဆိုနေတယ်။ အဲ့ဒီကနေမှ ဆက်ကြည့်လိုက်ရင် ခုံအရှည်လေး တွေနဲ့ ခင်းကျင်းထားတယ်။ ဒီလိုမှမဟုတ် အပေါ်ထပ်မှာထိုင်ချင်တယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါး လေးနဲ့ ဇိမ်ရှိရှိလေးထိုင်လို့ရတဲ့ ခုံလေးတွေနဲ့ ပိုပြီးအေးဆေးတဲ့နေရာလေးကို ရွေးချယ်နိုင်တယ်။ အုပ်စုလိုက်လေးသွားတယ်ဆိုရင်တော့ နံရံနဲ့ကပ်လျက်စားပွဲဝိုင်းလေးတွေက အဆင်ပြေပါလိမ့်မယ်။ နှစ်ယောက် ဒိတ်ကြမယ်ဆိုရင်လည်း နှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်လို့ရတဲ့ အနေအထားလေးတွေ ပြင်ဆင်ပေးထားတယ်။

 

 

(16)
Asia House ဒီဆိုင်လေးက ဝင်လိုက်တာနဲ့ကို တကယ်ကိုအေးအေးဆေးဆေး ရှိနေတာ သိသာတယ်။ သိပ်ရှေးရိုးဆန်တဲ့ပုံစံမျိုး သွားထားတာလည်းမဟုတ်သလို၊ အနောက်တိုင်းပုံစံနဲ့ နောက်ဆုံးပေါ် ဒီဇိုင်းတွေ လုပ်ထားတာမျိုးမဟုတ်ဘူး။ အဲ့ဒီမှာဆိုရင်လည်း လောလောဆယ်တော့ နံရံမှာလည်း အုတ်ခဲတွေစီရီထားတဲ့ သဘာဝကျကျပုံစံလေးတော့ ဖြစ်နေတယ်။ သိပ်လှပြီးကျက်သရေရှိတဲ့ မြန်မာ အမျိုးသမီးတွေရဲ့ ပန်းချီကားလေးတွေလည်း နံရံမှာချိတ်ထားသေးတာ တကယ်ကြည့်မဝ၊ ရှုမဝပဲ။ ဆိုင်အနေအထားလေးအရ ချစ်သူနဲ့ အေးဆေးတဲ့နေရာလေးမှာ ဒိတ်ချင်တဲ့သူတွေ၊ အလုပ်ကိစ္စ အေးအေးဆေးဆေး စကားပြောချင်တဲ့သူတွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ Chilling လုပ်ဖို့နေရာ လေးတစ်ခု ရှာနေတဲ့သူတွေအတွက်၊ မိသားစုညစာအတွက် ကလေးရော၊ လူကြီးတွေပါ စားလို့ရနိုင် မယ့်အစားအစာတွေ တစ်နေရာထဲမှာရတဲ့ နေရာမျိုးရှာနေတဲ့သူ အဲ့ဒီလိုလူတွေအတွက် အဆင် ပြေမှာပါ။ 

 

 

 

 


(17)

 

မီနူးပိုင်းမှာဆိုရင် နေ့လည်စာ၊ ညစာစားဖို့အတွက် ဟင်းပွဲတွေ၊ လူများများနဲ့ရှယ်စားလို့ရမယ့် ဟင်းပွဲ တွေရှိတယ် စကားလေးပြောကြရင်း သောက်ရင်း အမြည်းအနေနဲ့ စားချင်တယ်ဆိုရင်လည်း ရှိတယ် ပေါ့နော်။ ပုံစံမျိုးစုံနဲ့။ Main Dishတွေရှိတယ်။ Vegetable မီနူးရှိတယ်။ အသုပ်တွေ၊ အကြော်တွေအပြင် အရည်သောက်လေးတွေပါရတယ်။ ဈေးနှုန်းတွေကတော့ ဘယ်လိုပြောရမလဲ။ သူ့ဆိုင်အနေအထားနဲ့ စားရတဲ့ အရသာနဲ့ ကိုယ်ရလိုက်တဲ့ ဆားဗစ်၊ အဲ့ဒါတွေနဲ့ဆိုရင်တော့ စားရတာ တန်တယ်လို့ဆိုချင်ပါတယ်။

 

 

အက်မင်ဒီဆိုင်ကို အမြဲးသတိရနေစေမယ့် ဟင်းပွဲတစ်ပွဲရှိတယ်ဗျ…. ပင်လယ်စာအုန်းနို့ အစပ်ချက် ဆိုတာ။ ကိုယ်သိပ်ကြိုက်တဲ့ ပင်လယ်စာကိုမှ အုန်းနို့နဲ့ချက်ပေးထားတာ။ အုန်းနို့အနံ့လေးက ခပ်သင်း သင်းလေးပါနေ တယ်။ အရသာကတော့ အဲလောက်ထိကြီးပါဝင်မှုမရှိဘူး။ သူကဟင်းရည်လေးတွေပါ ခပ်စပ်စပ်လေးထည့်ပေးထားတော့ အရည်ကို ဒီတိုင်းလေးလည်းသောက်နိုင်သလို ထမင်းကို ဆမ်းစား ရင်လည်း ပိုကောင်းတယ်။ စားရတာပိုဖိုင်းတယ်။ သိပ်တော့မစပ်ဘူးဗျ။ ဂုံးပါတယ်။ ပုစွန်နဲ့ ကက်က တစ်ပါတယ်။ ဈေးနှုန်းကတော့ တစ်ပွဲကို (၇၅၀ဝ)ကျပ်။

 

 

 

 

(1)
အထောင်းမှာဆိုရင် ကိုယ်တွေစားခဲ့တာက ပုစွန်ပန်းသီးအစိမ်းထောင်း။ ကိုယ်တို့အမြဲလိုလို စားနေ ကျရှိတာက သင်္ဘောသီးထောင်း။ ဒါကပန်းသီးထောင်း။ သင်္ဘောသီးလို မမာတော့ သိပ်ဝါးစရာမ လိုဘူး။ မွမွလေးနဲ့ ယွယွလေးပဲ။ အချဉ်စူးစူးလေးနဲ့ စပ်စပ်လေး။ အအီပြေတယ်လေနော့။ သူကတော့ (၆၀ဝ၀)ကျပ်။
(2)

 

 

 

 

ဝက်လက်အကြွပ်ကင် -ဝက်ကိုမှ ခပ်ကြွပ်ကြွပ်လေးဖြစ်အောင် ကင်ထားတာ။ သုံး၊ လေးယောက် လောက် စားနိုင်တယ်။ သူ့ကိုကကျတော့ထမင်းနဲ့ တွဲစားတာမျိုးမဟုတ်ပဲ အမြည်းအနေနဲ့ဆို ပိုမိုက် တယ်။ အအီပြေ မုန်လာဥနီချဉ်လေးကို ကြွပ်ကြွပ်ကြွပ်ကြွပ်လေး ကိုက်စားလို့ရအောင် ပေးထားတယ်။ သူကတော့ (၁၅၀ဝ၀)ကျပ်။

 

 

 

 

(3)
ကိုရီးယားဆောစ့်ဝက်နံရိုးကင် - ဝက်နံရိုးကိုမှ Bulgogi Sauce နဲ့ကင်ထာတယ်။ ဝက်နံရိုးကို လည်းသေးသေး လေးတွေလုပ်ပေးထားတော့ စားရတာလွယ်တယ်။ ဇွန်း၊ ခက်ရင်းနဲ့စားလို့တော့ ဘယ်ရမလဲလေနော်။ လက်လေးနဲဲ့ဆွဲလိုက်ပါ။ မဆိုးပါဖူး။ ဒီအရသာလေးကတော့ အချိုဘက် လေးသွားပါတယ်။ တစ်ပွဲကို (၈၀ဝ၀)ကျပ်တဲ့ ဒါလေးက

(4)

 

 

 

 

 

နောက် ဘဲပေါင်းကြံမဆိုင် - အရည်သောက်ဟင်းပွဲလေး တော်တော်သောက်ကောင်းခဲ့တယ်။ ကြံမဆိုင်ဆိုပေမယ့် အရမ်းကြီးအရသာပြင်းနေတာမျိုး မဟုတ်တော့ ကြံမဆိုင်မကြိုက်တဲ့သူလည်း စားနိုင်တယ်။ ပူပူနွေးနွေးလေးဆိုတော့ သောက်လဲကောင်းတယ်။ ဘဲပေါင်းကသိပ်လည်းမနူးပေမယ့် မာမာဆတ်ဆတ်ကြီးတော့လည်း မဟုတ်ဘူး။ သူ့ဈေးနှုန်းကတော့ (၆၀ဝ၀)တဲ့။

 

ဘဲဥကြက်စင်းကော - ဒါကတော့ဘဲဥကိုမှ ကြက်သားကို စင်းကောချက်ထားတာလေးကိုမှ အပေါ် ကဖြူးထားတာ။ အရသာလေးကတော့ အဲ့ဒါတွေအကုန်ပေါင်းသွားတော့ စားရတာပုံမှန် အရသာမျိုး တော့ မဟုတ်ဘူး။ အချိုလေးပဲ။ တစ်ပွဲကို (၃၅၀ဝ)ကျပ်။

 

(6)

 

 

 

 

စားလို့လည်းပြီးတော့ ဒီမှာ Dessert မီနူးတစ်ခုထပ်တွေ့တာက သရက်သီး Dessert လေး။ ကောက်ညှင်းငချိတ်ရယ်၊ အုန်းသီးရေခဲမုန့်နဲ့ စိန်တစ်လုံးသရက် အဲ့ဒါတွေပါတယ်။ ဒါလေးကတော့ အခုနောက်ပိုင်း Hot ဖြစ်နေတဲ့ သရေစာလေးနော်။ သူကတော့တစ်ပွဲကို (၄၀ဝ၀)ကျပ်ပါတဲ့။

 

 

 

(9)
ကော့တေးလန်းလန်းလေးတွေလည်း ဒီမှာရှိတယ်။ Creation လေးတွေနဲ့ Spicy Mango ဆိုရင်လည်း အရသာကနည်းနည်းတော့ပြင်းတယ်။ စပ်လည်းစပ်တယ်။ ဒါမဲ့လည်းမိုက်တယ်။ သူ့ထပ်မိုက်တာ တစ်ခုက Tom Yum သူကကတော့ တုန်ယမ်းဟင်းတစ်ခွက် ချက်ရင်ပါတဲ့အမယ်တွေ၊ အစာပလာ တွေ ထည့်စပ်ပြီးဖျော်ထားတာ။ မိုက်တော့မိုက်တယ်။ Sour Plum Fizz ဆိုရင်တော့ ချဉ်ပြုံးပြုံးလေးနဲ့ ခံတွင်းရှင်းစေတယ်ပေါ့။

 

 

 

 

 

 

 

(10) (11) (12) 
စားပြီးသောက်ပြီး ဗိုက်လင်းတင်းကားသွားပြီး။သူ့ရဲ့ဈေးနှုန်းနဲ့ သူပေးတဲ့ ဆားဗစ်နဲ့ သူ့ရဲ့ အရသာ တွေအရဆိုရင် ဒီဆိုင်လေးက ဒီလိုနေရာမျိုးလေး၊ ဒိီလိုပုံစံမျိုးလေးရှာနေတဲ့ သူတွေအတွက်ဆို ကွက်တိပဲနော်။

 

နိုင်ငံခြားသားဧည့်သည်တွေဘာတွေ ဧည့်ခံဖို့ရှိတယ်ဆိုလည်း ဒီနေရာလေးခေါ်သွား။ မဆိုးဘူး။ အေးအေးဆေးဆေး၊ သပ်သပ်ရပ်ရပ်လေးနဲ့ သက်တောင့်သက်သာလေး ထိုင်လို့ရတဲ့ ဆိုင်လေး တစ်ဆိုင်ဖြစ်လို့ ဒီဆိုင်လေးအကြောင်း အသေးစိတ်ပြန်ပြောပြပေးခဲ့ပါတယ်။ 

 

 

 

(14) (15) 
Reservation ကြိုလုပ်ချင်ရင် 09-972353397 ကိုဆက်လို့ရပါတယ်။ By the way, June လ (၃၁)ရက်နေ့အထိ 15% Discount ရှိတယ်နော်။ အဲ့တော့ ဒီအခွင့်အရေးလေးလည်း လက်လွှတ် မခံကြနဲ့အုံး နော့်။ Party တွေလုပ်ချင်ရင်လည်း ဆိုင်အပေါ်ထပ်လေးကမိုက်တယ်။ Anniversary အတွက် Surprise လုပ်ချင်တယ်ဆိုလဲ ဒီနေရာလေးမဆိုးဘူး။ ဒီက Party တွေလည်းလုပ်ပေးမယ်။ Cathering လည်းရတယ်တဲ့နော်……..

 

 

Honey (MyLann)
#MyLann #Online_Restuarant_Directory #Online_Food_Guide#Food_Review_in_Yangon #Foodie_Myanmar #Food_Lover #Food_Crazy #Food 

#Asia_House #Restaurant #Restaurant_in_Town