အစ္စရေးနိုင်ငံမှာ အသွားအလာကန့်သတ်မှု ရုပ်သိမ်းရန် မဖြစ်နိုင်သေးကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား

၂၉ စက်တင်ဘာ

အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရန်အတွက် ဒုတိယအကြိမ် အသွားအလာကန့်သတ်ခြင်း (lockdown) ကို မူလက သီတင်းသုံးပတ်သာ သတ်မှတ်ထားပေမယ့် အဲဒီအစီအစဉ်အတိုင်း ၁၀ ရက်အတွင်း ဖျက်သိမ်းရန် မဖြစ်နိုင်သေးကြောင်း ကျန်းမာရေးဝန်ကြီး ယူလီအိုင်းစတိုင်းက ဒီနေ့(အင်္ဂါနေ့)မှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များလာတဲ့အတွက် စက်တင်ဘာ ၁၈ ရက်နေ့ကနေ အောက်တိုဘာ ၁၀ ရက်နေ့အထိ အသွားအလာကန့်သတ်မှု (lockdown)ကို သီတင်းသုံးပတ် ပြဌာန်းထားခဲ့ပါတဘ်။

အခုကြိမ် အသွားအလာကန့်သတ်မှုကို ပထမအကြိမ်တုန်းကလို မလုပ်ဘဲ တဖြည်းဖြည်းခြင်း ဖြေလျော့သွားဖို့ ရည်ရွယ်ထားပြီး နိုင်ငံသားတွေကိုလည်း ဗိုင်းရပ်စ်ပိုးနဲ့ တူယှဉ်နေထိုင်သွားနိုင်ရေးကို ဦးတည်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောကြားပါတယ်။

လူဦးရေနဲ့ ပိုးတွေ့ရှိသူပမာဏကို အချိုးချကြည့်ရတွင် အစ္စရေးနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ဦးရေဟာ ကမ္ဘာမှာ အများဆုံးဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာကို တွေ့ရပါတယ်။ အသွားအလာပိတ်ဆို့မှု (lockdown) အနေနဲ့ အလုပ်တွေ၊ ဈေးတွေပိတ်ခြင်းနဲ့ ဘုရားဝတ်ပြုမှုကိုပါ သောကြာနေ့ကစပြီး ပိတ်ခဲ့ကြောင်း သိရပါတယ်။

လူဦးရေ ၉ သန်းနေထိုင်တဲ့ အစ္စရေးနိုင်ငံမှာ ပိုးတွေ့ရှိသူ စုစုပေါင်း ၂၃၃,၂၆၅ ဦးထဲမှ သေဆုံး ၁,၅၀၇ ဦးရှိကြောင်း သိရပါတယ်။

MDN

ကိုးကား- AFP